ဟာဇီဂိုဗီးနားဒေသမှာ လူမျိုးသုဥ်း သတ်ဖြတ်ခံရသူတွေရဲ့အရိုးတွေ ဆရာဝန်တစ်ဦးရဲ့ဥယျာဉ်ခြံထဲမှ တူးဖော်တွေ့ရှိ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၈
ဟာဇီဂိုဗီးနားဒေသမှာ အရိုးဆရာဝန်တစ်ဦးရဲ့ နေအိမ်ခြံဝန်းထဲမှ လူမျိုးတုံးသတ်ဖြတ်ခံထားရသူတွေရဲ့ အရိုးတွေ တူးဖော်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ဒေါက်တာနီဘိုဂ်ျဆာ မရာအိုဗစ် အမည်ရှိ အရိုးဆရာဝန်တစ်ဦးဟာ ဦးခေါင်းခွံတွေ အပါအဝင် လူအရိုးတွေကို ၎င်းရဲ့အိမ်၊ ဘိလပ်မြေအလွှာတစ်ခုအောက်မှ တူးဖော်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ဟာဇီဂိုဗီးနားဒေသ၊ ဘရက်ကို မြို့ရှိ ၎င်းရဲ့ဥယျာဉ်ဟာ လူမျိုးသုဥ်းသတ်ဖြတ်ခံထားရသူတွေရဲ့သင်္ချိုင်း ဖြစ်နေပါတယ်။ ရုပ်အလောင်းတွေကို စက်တင်ဘာလကစ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အရိုးစုတွေက ဘယ်သူဆိုတာ ခွဲခြမ်းစိတ်ဖြာဖို့ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။
DNA ခွဲခြမ်းစိတ်ဖြာမှုအရ ၎င်းတို့ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့တစ်ခုတည်းသော လူမျိုးသုဉ်း သတ်ဖြတ်မှုလို့ အသိအမှတ်ပြုခံထားရတဲ့ Srebrenica အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ သေဆုံးသွားသူများဖြစ်တယ်လို့ သိရပါတယ်။ အရိုးတွေကို လွန်ခဲ့တဲ့ ၁၁ နှစ်က မြှုပ်နှံခဲ့ပြီး ၎င်းတို့အပေါ်မှာ ကွန်ကရစ်ခင်းလိုက်ခြင်း ဖြစ်ပါတယ်။ "ဒီအရိုးတွေက ဆေးရုံမှာ ခွဲစိတ်မှုတွေပြုလုပ်ရာမှာ အသုံးဝင်တယ်" လို့ ၎င်းက ဆိုပါတယ်။
အဆိုပါမြို့ဟာ လူမျိုးသုဥ်းသတ်ဖြတ်မှုနေရာဖြစ်တဲ့ ဆရီဘရီနီကာမြို့နဲ့ မိုင် ၈၀ အကွာမှာ တည်ရှိပေမယ့် သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို နိုင်ငံတစ်ဝှမ်းရှိ နေရာပေါင်း ၅၇၀ မှာ တွေ့ရှိနိုင်ပါတယ်။ ယခုအချိန်အထိ လူပေါင်း ၆၆၀၀ ကျော်ရဲ့ရုပ်ကြွင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အများစုဟာ အစုလိုက်အပြုံလိုက် မြုပ်နှံထားခြင်းဖြစ်တယ်လို့သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်ကို နစက၏ ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ