သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်ကို နစက၏ ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်
မြူနစ် (NSS) - ဖေဖော်ဝါရီ ၈
သူဌေးကျွန်းပိုင်ရှင်ဟု လူသိများသော ဦးကျော်လွင်ကို နစက၏ ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်လိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဦးကျော်လွင်သည် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ်(၂၅၀)တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
ဦးကျော်လွင်အနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများပြုလုပ်ခြင်း၊ ယင်းတရားမဝင်လောင်းကစားမှုများမှ ရရှိသော ငွေကြေးများ၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများပြုလုပ်သည်ဟု သံသယဖြစ်ဖွယ်တွေ့ရကြောင်း နစကဘက်က ဆိုသည်။
ထို့ကြောင့် သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်ကို ဥပဒေအရအရေးယူရန် ယမန်နေ့ (ဖေဖော် ဝါရီလ ၇ ရက်)တွင် ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း နစကမှ အသိပေးထုတ်ပြန်ခဲ့သည်။
“သူက ထိုင်းနိုင်ငံသားလည်း ခံယူထားတဲ့သဘောရှိမှာပေါ့။ သူဌေးကျွန်းမှာလည်း ကာစီနိုဝိုင်းတွေရှိတယ်လေ။ ဆော့တာကတော့ ထိုင်းတွေပဲ လာဆော့တာ။ ရနောင်းကို ဆိုင်ကယ်တွေ၊ ကားတွေနဲ့လာရင် ဘုတ်နဲ့သွားခေါ်တယ်လို့ သိရတယ်။ အွန်လိုင်းလောင်းကစားကြတော့ အခုကာစီနိုနဲ့ မတူဘူးလေ။ အွန်လိုင်းလောင်းကစားလုပ်တယ်လို့တော့ မကြားဖူးဘူး။ အဲဒီအထဲမှာပါ၊ မပါတော့ မသိဘူး။ အခုသူ့ကို ဖမ်းဝရမ်းထုတ်ထားတယ်”ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
ဦးကျော်လွင်သည် ကော့သောင်းမြို့အနီးရှိ သူဌေးကျွန်းကို ပိုင်ဆိုင်သူတစ်ဦးဖြစ်သကဲ့သို့ ၎င်းကျွန်းပေါ်တွင် Grand Andaman ဟိုတယ်ကို ဖွင့်လှစ်ထားကာ ကာစီနိုလုပ်ငန်းများကိုလည်း လုပ်ကိုင်လေ့ရှိကြောင်း သိရသည်။ အလားတူ ၎င်းသည် ကော့သောင်းမြို့၌ စက်သုံးဆီလုပ်ငန်းများကိုလည်း လုပ်ကိုင်လေ့ရှိကြောင်း သိရသည်။
“လူသိများတာကတော့ သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်ပေါ့။ နောက်ပြီတော့ သူက စက်သုံးဆီတွေ၊ ဘာတွေလည်း လုပ်တယ်လေ။ ဆီကျော်လွင်လို့လည်း နာမည်သိတာများတယ်။ စက်သုံးဆီကို တရားဝင် ဝယ်တယ်။ ပြီးရင် ပြန်ဖြန့်တယ်ပေါ့။ သူက ကော့သောင်းမှာ လူကြီးတွေနဲ့လည်း အတော်လေးသိတယ်”ဟု အစိုးရအဖွဲ့နှင့်နီးစပ်သူက ဆက်လက်ပြော သည်။
အလားတူ ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ထိုင်းနိုင်ငံဘက်က သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင် (ခ) ထိုင်းအမည် မစ္စတာဖုအပါအဝင် (၁၈)ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ယင်းနိုင်ငံအတွင်းရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ငွေကျပ်သန်း(၇၀၀)ကျော်တန်ဖိုးရှိ တရားမဝင်စက်သုံးဆီများ ဖမ်းဆီးရမိခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း