လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး နစက နှင့် ယော PDF အဖွဲ့တို့ အပြန်အလှန်စွပ်စွဲနေ
သုတကျော် (NSS) - ဖေဖော်ဝါရီ ၇
PDF နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်နေသည့် ရုပ်သံဖိုင်တစ်ခု အင်တာနက်စာမျက်နှာများထက်တွင်ပျံ့နှံ့ခဲ့ကာ အဆိုပါ လုပ်ရပ်ကို ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက ဆောင် ရွက်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း နစက က ယနေ့ (ဖေဖော်ဝါရီလ ၇ ရက်) တွင် ရှင်းလင်းထုတ်ပြန်သည်။
အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၊ တယ်လီဂရမ်ချန်နယ်များတွင်ရုပ်သံဖိုင်များ၊ ဓာတ်ပုံများ ပျံ့နှံ့ခဲ့ခြင်း ဖြစ်ကာ သေဆုံသူ ၂ ဦးမှာ PDF အဖွဲ့တစ်ဖွဲ့ ဖြစ်သော ယောကာကွယ်ရေးတပ် (YDF) မှ ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ကြကာဝေဖန်မှုများ ရှိခဲ့ခြင်းဖြစ်သည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံများထံမှ စုံစမ်းသိရှိရသည့် သတင်းရင်းမြစ်အချို့အရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်အတွင်း၌ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များအား PDF အမည်ခံအကြမ်း ဖက်သမားများက လာရောက်တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွား ခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား အရှင်ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း ကနဦးသိရှိရသည်ဟု ရှင်းလင်းချက်တွင်ဖော်ပြထားသည်။
ဆက်လက်စိစစ်ချက်များအရ လူမှုကွန်ရက်စာမျက်နှာများ၌ ဖြန့်ဝေလျက်ရှိသည့် ရုပ်သံဖိုင်၌ ရက်ရက်စက်စက် သတ်ဖြတ်ခံရသူနှစ်ဦးမှာ PDF အမည်ခံအကြမ်းဖက် သမားများဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အချင်းချင်း နယ်မြေလုခြင်း၊ ငွေကြေးအရှုပ်အရှင်းများရှိခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်မလုပ်ဆောင်လိုခြင်း စသည့်အကြောင်းချင်းရာများကြောင့် အချင်းချင်းစိတ်သဘောထားမတိုက်ဆိုင်သဖြင့် ၎င်းတို့အချင်းချင်း ယခုကဲ့သို့လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းကို ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက လုပ်ဆောင်ခဲ့သည့်အသွင်ဖြင့် လုပ်ကြံဖန်တီး ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုသာဖြစ်ကြောင်း သိရှိရသည်ဟု နစက၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့အတူ ယော PDF အဖွဲ့ကလည်း အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ PDF လူငယ်နှစ်ဦးကို ပြည်သူ့စစ်နှင့် လုံခြုံရေးအဖွဲ့ဝင်များက မီးရှို့သတ် ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းကို ဆုတ်ခွာထွက်ပြေးခဲ့တဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အရေအတွက် ၃၀၀ ကျော်အထိ မြင့်တက်လာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ