ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းကို ဆုတ်ခွာထွက်ပြေးခဲ့တဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အရေအတွက် ၃၀၀ ကျော်အထိ မြင့်တက်လာ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၈
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်ဒေသမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ဆုတ်ခွာလာတဲ့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်အရေအတွက် ၃၂၈ ဦးအထိရှိလာပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ နဲ့ နီးစပ်တဲ့သတင်းအရင်းမြစ်ကပြောပါတယ်။
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆၄ ဦးဟာ ဖေဖော်ဝါရီလ ၇ ရက်၊ ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကိုဆုတ်ခွာခဲ့ရာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းကို ဆုတ်ခွာထွက်ပြေးလာတဲ့နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ တပ်မတော်သား နဲ့ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူအရေ အတွက် စုစုပေါင်း ၃၂၈ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ပြည်သူဆက်ဆံရေးအရာရှိ Shariful Islam က ပြောပါတယ်။
၎င်းက ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်းကိုရောက်ရှိတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို လက်နက်တွေသိမ်းဆည်းပြီး ခိုလှုံခွင့်ပေးထားကြောင်း၊ မိခင်နိုင်ငံကို ပြန်ပို့သွားမှာဖြစ် ကြောင်းပြောပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui က "ကျွန်တော်တို့ဟာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေနဲ့ လဝကအဖွဲ့ဝင်တွေကို ခိုလှုံခွင့်ပေးထားပြီး အစားအစာလည်းပေးထားတယ်။ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေကြားတွေ့ ဆုံဆွေးနွေးနေတယ်။ အဲဒီသူတွေကို မိခင်နိုင်ငံကို အမြန်ဆုံးပို့ဖို့ ဆွေးနွေးနေတာပါ။ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ လက်ရှိအချိန်မှာ မြန်မာအာဏာ ပိုင်တွေနဲ့ဆွေးနွေးနေတယ်"လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းကို ဆုတ်ခွာလာတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေထဲမှာ ဒဏ်ရာရသူတွေလည်း ပါဝင်လာပြီး ဆေးရုံတွေမှာ ကုသပေးနေကြောင်း ဘင်္ဂလားဒေရှ့်အခြေစိုက်မီဒီယာတွေကဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူနိုင်ငံ၊ ရီချန်ငါးဖမ်းကန်မှ ငါးများ ရာချီသေဆုံးမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ