ဇရပ်ကြီးမြို့ရှိ တပ်မတော်လုံခြုံရေးစခန်းများ နှင့် ရဲစခန်းကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့
Pearl (NSS) - ဇန်နဝါရီ ၇
ဇရပ်ကြီးမြို့ရှိ တပ်မတော်လုံခြုံရေးစခန်းများ နှင့် ရဲစခန်းတို့ကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့(ဖေဖော်ဝါရီလ ၇ ရက်)၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ တပ်မတော် လုံခြုံရေးစခန်းများ နှင့် ရဲစခန်းကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မနက် ၁ နာရီလောက်မှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ တပ်မတော်ဘက်က လေယာဉ်နဲ့လည်း ပစ်ကူပေးတယ်။ အခု ညနေ (၄)နာရီလောက်မှာ ပြန်ဆုတ်သွားပြီ။ နှစ်ဖက် အကျ အဆုံးတော့ရှိပေမယ့် အတိအကျမသိရသေးဘူး" ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
လက်ရှိတွင် ဇရပ်ကြီးမြို့ရှိ လုံခြုံရေးတပ်ဖွဲ့များ၏ စခန်းများကို KNLA ၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် သိမ်းပိုက်ထားနိုင်သည့် အခြေအနေ မရှိကြောင်း သိရသည်။ ဇရပ်ကြီး- ကျွဲပွဲလမ်း ၊ မြို့စိုးရွာအနီးရှိ စစ်တောင်းမြစ်ကူးတံတား (မြို့စိုးတံတား)ကိုလည်း KNLA ၊ PDF ပူးပေါင်း အဖွဲ့က မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ပြည်ထဲရေးဝန်ကြီးကို ရာထူးမှ ထုတ်ပယ်ရန် အောက်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှု မအောင်မြင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ