ယူကရိန်း၏ စစ်ရေးနှင့်နိုင်ငံရေး အလှုပ်အခတ်များက မိတ်ဖက်များနှင့်ဆက်ဆံရေးကို ထိခိုက်စေလိမ့်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးပြော
Pika (NSS) - ဖေဖော်ဝါရီ ၇
မကြာမီအချိန်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိသည့် ယူကရိန်း၏ စစ်ရေးနှင့်နိုင်ငံရေး အလှုပ်အခတ်များသည် အနောက်အုပ်စုမဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးအပေါ် ထိခိုက်မှုများရှိလာနိုင်မည်မဟုတ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ဖေဖော်ဝါရီလ(၆)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
ယူကရိန်း၏ စစ်ဘက်ဆိုင်ရာနယ်ပယ်တွင် အကြီးတန်းအရာရှိအများအပြားကို အစားထိုးမှုများ လုပ်ဆောင်ရန်အတွက် စဉ်းစားနေကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောခဲ့သည်။
ထို့အပြင် ယူကရိန်းစစ်တပ်အကြီးအကဲကို ရာထူးမှထုတ်ပယ်မှု လုပ်ဆောင်သွားနိုင်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က "အစိုးရ အပြောင်းအလဲတွေဟာ မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို လွှမ်းမိုးနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး" ဟု ပြောခဲ့သည်။
ထို့အပြင် မည်သည့်အပြောင်းအလဲများကမဆို ယူကရိန်း၏ စစ်ဘက်ဆိုင်ရာကြိုးပမ်းအားထုတ်မှုများကို လည်း ပြောင်းလဲသွားစေမည်မဟုတ်ကြောင်း ၎င်းက ပြောခဲ့သည်။ ၎င်းက "နိုင်ငံအတွင်းမှာ ရုရှားတွေကို အနိုင်ယူနိုင်ဖို့၊ ယူကရိန်းရဲ့နယ်မြေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ ပြန်လည်ထူထောင်ရေးဆိုတဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်ပန်းတိုင်တွေကို ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ ဆက်လက် လုပ်ဆောင်နေပါတယ်။ နည်းဗျူဟာတွေအကြောင်းကို ဆွေးနွေးတာမျိုးရှိပေမယ့် ဒီရည်မှန်းချက် ပန်းတိုင်တွေနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုမျိုးတွေတော့ မရှိသေးပါဘူး" ဟု ပြောခဲ့သည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် ကာကွယ်ရေးဦးစီးချုပ် Valery Zaluzhny ကို ရာထူးမှ ထုတ်ပယ် သွားနိုင်ခြေရှိသည်ဆိုသည့် အကြုံပြုချက်များနှင့်ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုမှုများလည်း ရှိနေ ကြောင်း သိရသည်။ ထို့အပြင် သမ္မတဇီလန်စကီးနှင့် ကာကွယ်ရေးဦးစီးချုပ် Valery Zaluzhny တို့သည် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများရှိနေကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇရပ်ကြီးမြို့ရှိ တပ်မတော်လုံခြုံရေးစခန်းများ နှင့် ရဲစခန်းကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ