မြန်မာနိုင်ငံ နဲ့ ထိစပ်နေတဲ့နယ်စပ်ဒေသများရဲ့ လုံခြုံရေး တိုးမြှင့်လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေရှ့်အစိုးရပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံ နဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေကို လုံခြုံရေး ပိုမိုကောင်းမွန်စေဖို့ တိုးမြှင့်လုပ်ဆောင်လျက်ရှိနေကြောင်း ဘင်္ဂလားဒေရှ့် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်းကို တရားမဝင်ကျူးကျော်ဝင်ရောက်လာတာမျိုးမရှိအောင် ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့ နဲ့ ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့တွေကို ညွှန်ကြားထားကြောင်း၊ ဘင်္ဂလားဒေ့ရှ့်ပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်မှုမျိုးမဖြစ်ရအောင် ဂရုစိုက်ဆောင်ရွက်နေကြောင်း ၎င်းကပြောပါတယ်။
၎င်းက "စစ်ပွဲ ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော်တို့မသိသေးဘူး၊ ကျွန်တော်တို့ဟာ နယ်စပ်တွေကို ဖြတ်သန်းပြီး ကျွန်တော်တို့ ပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်တာတွေကို ဘယ်သူကိုမှ ခွင့်ပြုမှာမဟုတ်ဘူး။ တရားမဝင် ဝင်ရောက်တာတွေ ခွင့်မပြုဖို့ ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့တွေကိုလည်း ညွှန်ကြားထားတယ်"လို့ ပြောပါတယ်။
ဘင်္ဂလားဒေရှ့် ပြည်ထဲရေးဝန်ကြီးက ၎င်းတို့အနေနဲ့ ဘယ်စစ်ပွဲတွေမှ ပါဝင်ဖို့ မလိုလားကြောင်း၊ စစ်ပွဲတွေကို မလိုလားကြောင်း၊ ဝန်ကြီးချုပ်ကလည်းအမြဲတမ်း ညွန်ကြားမှုတွေပေးထားကြောင်း၊ ဒါပေမဲ့ လိုအပ်လာရင် ရင်ဆိုင်ဖို့ အမြဲတမ်းအဆင့်သင့်ဖြစ်အောင်လုပ်ဆောင်ထားကြောင်း ပြောပါတယ်။ ဘင်္ဂလားဒေရှ့်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ရခိုင် ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတိုက်ပွဲတွေဖြစ်ပွားလာခဲ့ရာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်းကို ဆုတ်ခွာထွက်ပြေးမှုတွေရှိခဲ့ကြောင်း ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေကပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေရှ့်ပိုင်နက်ထဲကို ဆုတ်ခွာတိမ်းရှောင်လာတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ ၉၅ ဦးအထိရှိလာဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ