ဘင်္ဂလားဒေရှ့်ပိုင်နက်ထဲကို ဆုတ်ခွာတိမ်းရှောင်လာတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ ၉၅ ဦးအထိရှိလာဟုဆို
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၅
ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနယ်စပ်ဒေသမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP)၂၇ ဦးဟာ ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်ပိုင်းမှာ ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်းကို ထပ်မံ ဆုတ်ခွာဝင်ရောက်လာတဲ့အတွက် ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်းကိုဝင်ရောက်လာတဲ့ မြန်မာ(BGP)တပ်ဖွဲ့ဝင် ၉၅ ဦးအထိရှိလာခဲ့ကြောင်း ဘင်္ဂလားဒေရှ့်သတင်းတွေကဖော်ပြထားပါတယ်။
အဆိုပါမြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေနဲ့အတူ ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်းကို ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့လက်နက်တွေကို ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း၊ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ BGB တာဝန်ရှိသူတစ်ဦးဖြစ်တဲ့Md Shariful Islam ကပြောပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ခြမ်းကို ဝင်ရောက်လာတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေထဲမှာ ဒဏ်ရာရသူတွေလည်းပါဝင်လာခဲ့ပြီး ၉ ဦးကို ကော့ဘဇာဒေသရှိ ဆေးရုံမှာ ကုသပေးနေကြောင်း ဘင်္ဂလားဒေရှ့် BGB အဖွဲ့ကပြောပါတယ်။ ဒဏ်ရာရတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၉ ဦးအနက် ၂ ဦးကို ဖေဖော်ဝါရီလ ၄ ရက်ညပိုင်းမှာ ကော့ဘဇာဒေသရှိ ဆေးရုံကို ပို့ဆောင်ပြီး ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်ပိုင်းမှာ နောက်ထပ် ၇ ဦး ထပ်မံပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။
လက်ရှိအချိန်မှာဆေးရုံဝန်းကျင်ကို ကန့်သတ်ထားကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်အထိ ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်း ဝင်ရောက်လာတဲ့မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် အနည်းဆုံး ၆၈ ဦးရှိခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်ပိုင်းမှာ ထပ်မံတိုးလာခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်မီဒီယာများက ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက "မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တွေနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ တိုက်ပွဲတွေဟာ Tambru နယ်စပ်ဒေသတစ်လျှောက်မှာဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၅ ရက်တွေမှာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေရှ့်ပိုင်နက်တွေထဲကို ဆုတ်ခွာဝင်ရောက်လာခဲ့တယ်"လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန် နှင့် ဆန်ကွဲတန်ချိန်(၂)သိန်းကျော်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ရငွေအနည်းငယ်မြင့်တက်ခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ