စင်ကာပူက ဓာတ်ခွဲဖန်တီးထားတဲ့ အသားတုကို ဟာလာအဖြစ်သတ်မှတ်ပြီး မွတ်စ်လင်မ်တွေကို စားသုံးခွင့်ပေး
ရောင်နီ(NSS) - ဖေဖော်ဝါရီ ၅
စင်ကာပူမှာ ဓာတ်ခွဲဖန်တီးထားတဲ့ အသားတွေကို ယေဘူယျအားဖြင့် ဟာလာဖြစ်ကြောင်း စင်ကာပူ အစ္စလာမ်ဘာသာရေးကောင်စီ (Muis) က ကြေညာထားပြီး မွတ်စ်လင်မ်တွေကို စားသုံးဖို့ ခွင့်ပြုထားပါတယ်။
ဓာတ်ခွဲထားတဲ့ အသားတွေဟာ မွတ်စ်လင်မ်တို့ စားသုံးဖို့ ခွင့်ပြုထားတဲ့ ဆဲလ် ရင်းမြစ်မှ ထုတ်လုပ်ထားရင် ဟာလာလို့ သတ်မှတ်နိုင်တယ်လို့ ဖဖော်ဝါရီလ ၃ ရက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းထဲက အသားတွေဟာ သမားရိုးကျရရှိတဲ့ မွေးမြူရေးတိရစ္ဆာန်အသားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး တကယ့်အသားတွေရဲ့ အစားထိုးအသားတစ်မျိုးဖြစ်ပါတယ်။ ဒါဟာ "မိရိုးဖလာ စိုက်ပျိုးရေး၊ ငါးပုစွန်မွေးမြူရေးနဲ့ ယှဉ်ရင် သဘာဝပတ်ဝန်းကျင်နဲ့ ပိုမို လိုက်လျောညီထွေဖြစ်ပြီး ကြာရှည်ခံတဲ့ နည်းလမ်းတွေနဲ့ ထုတ်လုပ်နိုင်တဲ့ ဆန်းသစ်တဲ့ အစားအစာတွေက သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုကို အထောက်အကူပြုဖို့ လက်တွေ့ကျတဲ့ နည်းလမ်းကို ပေးဆောင်နေပါတယ်”လို့ Muis က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ဓာတ်ခွဲခန်းထုတ် အသားတွေကို ဟာလာလ်ထောက်ခံချက်အတွက် လမ်းညွှန်ချက်တွေ ရေးဆွဲဖို့ SFA လို သက်ဆိုင်ရာ အစိုးရအေဂျင်စီများ၊ လုပ်ငန်းအဖွဲ့ဝင်များနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်မှာမဟုတ်ကြောင်း အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူပြော
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ