အမေရိကန်ရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်မှာမဟုတ်ကြောင်း အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၅
အမေရိကန်နိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အီရန်နိုင်ငံရဲ့အထောက်အပံ့ကို ရယူနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ထပ်မံတိုက်ခိုက်မှုတွေလုပ်ဆောင်သွားမှာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်စစ်တပ်ဟာ ဖေဖော်ဝါရီလ ၂ ရက် နဲ့ ၃ရက်တို့မှာ ယီမင်၊ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့ရှိ လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဂျိတ်ဆူလီဗန်က အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ ဂျော်ဒန်နိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အမေရိကန်စစ်တပ်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။
ဂျိတ်ဆူလီဗန်က "အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရမယ်ဆိုရင် လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်" လို့ ပြောပါတယ်။ ဆီးရီးယားနဲ့အီရတ်နိုင်ငံတို့ရှိ လက်နက် ကိုင်အဖွဲ့တွေကို တိုက်ခိုက်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖေဖော် ဝါရီလ ၅ ရက်မှာ အရေးပေါ်အစည်းအဝေး ကျင်းပသွားမှာဖြစ်ပါတယ်။
ဟားမက်စ်အဖွဲ့အပြင် အခြားလက်နက်ကိုင်အဖွဲ့တွေကလည်း အမေရိကန်ရဲ့တိုက်ခိုက်မှုတွေက မီးလောင်ရာလေ့ပင်သလိုမျိုးဖြစ်ခဲ့ကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။ ဒါပေမဲ့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်က "ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကအစပဲရှိသေးတယ်။ မပြီးဆုံးသေးဘူး၊ တုံ့ပြန်မှုတွေကအဆင့်များစွာရှိတယ်။ အချို့တုံ့ပြန်မှုတွေက သိသာထင်ရှားစွာမြင်နိုင်ပေမယ့် အချို့တုံ့ပြန်မှုတွေကို မမြင်နိုင်တာမျိုးတွေလည်းရှိမှာပါ"လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံက ခွဲထွက်မယ့်လှုပ်ရှားမှုတိုင်းကို အင်အားသုံးမယ်လို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီအကြံပေး သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ