ကျပ်သိန်း ၅၀၀ ဆု အပါအဝင် ထုတ်ယူရန်ကျန်ရှိသည့် ထီဆုမဲ (၁၀၀၀၀)ကျော်ကို ဖေဖော်ဝါရီလကုန်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်
Pearl (NSS) - ဖေဖော်ဝါရီ ၅
ကျပ်သိန်း ၅၀၀ ဆုမဲ အပါအဝင် ထုတ်ယူရန်ကျန်ရှိသည့် ထီဆုမဲ (၁၀၀၀၀)ကျော်ကို ဖေဖော်ဝါရီလကုန်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် မတ်လ (၁)ရက်တွင်ဖွင့်လှစ်ခဲ့သော (၄၈)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် ဆုမဲ (၉၈၃၀၉) ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ (၁၀၇၄၅) ဆုကို ယနေ့တိုင် တောင်းခံခြင်း မရှိသေးကြောင်း သိရသည်။
တောင်းခံခြင်းမရှိသေးသည့် ဆုမဲများသည် ကျပ်သိန်း ၅၀၀ (၁)ဆု၊ ကျပ်သိန်း ၂၀၀ (၁) ဆု ၊ ကျပ်သိန်း ၁၀၀ (၁) ဆု၊ ကျပ်သိန်း ၅၀ (၁)ဆု၊ ကျပ်၂၀ သိန်း (၂) ဆု၊ ကျပ် ၁၀ သိန်း (၃ )ဆု၊ ကျပ် ၃ သိန်း (၁၀) ဆု၊ ကျပ် ၂ သိန်း (၁၂၆) ဆု၊ ကျပ် ၁ သိန်း (၈၀၃) ဆု၊ ကျပ် ၅သောင်း (၆၀၅) ဆု၊ ကျပ် ၁သောင်း (၉၁၉၂)ဆု တို့ ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဆုရ ဆုလက်မှတ်များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ အောင်ဘာလေသိန်းဆု ဌာနခွဲရုံးများသို့ တင်ပြ၍ ဆုငွေများကို တောင်းခံနိုင်ကြောင်း သိရသည်။
အဆိုပါ ထီဆုမဲများကို လာမည့် ဖေဖော်ဝါရီလ ၂၉ ရက်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူက ဓာတ်ခွဲဖန်တီးထားတဲ့ အသားတုကို ဟာလာအဖြစ်သတ်မှတ်ပြီး မွတ်စ်လင်မ်တွေကို စားသုံးခွင့်ပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ