ချီလီနိုင်ငံမှာဆိုးရွားစွာလောင်ကျွမ်းနေတဲ့တောမီးကြောင့် သေဆုံးသူအရေအတွက် ၁၁၂ ဦးအထိ မြင့်တက်လာ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၅
ချီလီမီးသတ်သမားတွေဟာ ဆိုးရွားစွာလောင်ကျွမ်းလျက်ရှိနေတဲ့ တောမီးကို ထိန်းသိမ်းနိုင်ဖို့ ရုန်းကန်နေရပြီး တောမီးကြောင့် သေဆုံးသူအရေအတွက်ဟာ ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်ပိုင်းအထိ အနည်းဆုံး ၁၁၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ချီလီအာဏာပိုင်တွေကပြောပါတယ်။
တောမီးကြောင့် သေဆုံးသူအရေအတွက်ဟာ ဖေဖော်ဝါရီလ ၄ ရက်နဲ့ နှိုင်းယှဉ်ရင် ၂ ဆနီးပါးမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ တောမီးကြောင့် လူပေါင်းရာချီပျောက်ဆုံးနေဆဲဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေက လက်ရှိထက် ပိုမိုဆိုးရွားလာနေကြောင်း၊ သမ္မတ ဂါဘရီရယ်လ်ဘိုရစ်ကပြောပါတယ်။ ချီလီနိုင်ငံ Valparaiso အရပ်ဒေသမှာ တောမီးလောင်ကျွမ်းမှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ထိခိုက်နစ်နာမှုတွေပိုမိုဖြစ်ပွားလာမှာဖြစ်ကြောင်း ချီလီသမ္မတက ပြောပါတယ်။
ချီလီသမ္မတက "တောမီးကြောင့် ချီလီနိုင်ငံမှာ လူသေဆုံးမှုတွေမြင့်တက်နေရတာကို ဝမ်းနည်းစိတ်မကောင်းဘူး၊ ချီလီဟာ အလွန်ဆိုးရွားတဲ့ ကြမ္မာဆိုးတွေကို ရင်ဆိုင်နေရတယ်"လို့ ပြောပါတယ်။
ချီလီအာဏာပိုင်တွေက Viña del Mar မြို့ နဲ့ မြို့ဝန်းကျင်မှာ တောမီးကြောင့်လူပေါင်း ၂၀၀ နီးပါးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောပါတယ်။ တောမီးကြောင့် နှစ်စဉ်ကျင်းပနေတဲ့ဂီတပွဲတော်လည်း ပျက်စီးခဲ့ရပြီး အိမ်အများစုဟာလည်း မီးလောင်ကျွမ်းခံခဲ့ရကြောင်းသိရပါတယ်။ ချီလီသမ္မတက တောမီးလောင်ကျွမ်းမှုဘေးအန္တရာယ်ကနေ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေသူတွေကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ နိုင်ငံအရေးပေါ်အခြေအနေကြေညာထားကြောင်း ပြောပါတယ်။ ချီလီသမ္မတက "ချီလီနိုင်ငံသား အား လုံးဟာ နိုင်ငံအရေးပေါ်အခြေအနေတွေအတွက် တိုက်ပွဲဝင်သွားရမယ်" လို့ ပြောပါတယ်။ ချီလီနိုင်ငံမှာတောမီးလောင်ကျွမ်းမှုတွေကြောင့် မြေဧကပေါင်း ၆၄၀၀၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ရကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယဟာ အွန်လိုင်းလောင်းကစားခွန်မှ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကောက်ခံဖို့ ရည်မှန်းထား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ