ဘက်စကတ်ဘော အကျော်အမော် မိုက်ကယ်ဂျော်ဒန်က ချန်ပီယံပွဲတွေမှာစီးခဲ့တဲ့ ဖိနပ်တွေကို လေလံပွဲမှာ စံချိန်တင် အမေရိကန်ဒေါ်လာ ၈ သန်းနဲ့ ရောင်းချ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၄
ဘတ်စကက်ဘောအကျော်အမော် မိုက်ကယ်ဂျော်ဒန်ကို NBA ချန်ပီယံဆု ခြောက်ကြိမ်ရရှိခဲ့တဲ့ ဘတ်စကတ်ဘော အကျော်အမော်၊ စီးပွားရေးသမားအနေနဲ့ လူသိများပါတယ်။ အခုဂျော်ဒန်က ၎င်းရဲ့ ချန်ပီယံပွဲစဉ်တွေတုန်းက စီးခဲ့တဲ့ ဖိနပ်ခြောက်ရံကို လေလံပွဲမှာ စံချိန်တင်ဒေါ်လာ ၈ သန်းနဲ့ ရောင်းချခဲ့ပါတယ်။
သောကြာနေ့ (ဖေဖော်ဝါရီလ ၂ ရက်) "The Dynasty Collection” မှာ လေလံတင်ခဲ့တာဖြစ်ပြီး ဒေါ်လာ ၈,၀၃၂,၈၀၀ ထိ ရရှိခဲ့ပါတယ်။ ဒါဟာ ဖိနပ်တွေမှာ ကမ္ဘာလုံးဆိုင်ရာ စျေးအကြီးဆုံးအဖြစ် လေလံစံချိန်သစ်တင်ခဲ့တယ်လို့ Sotheby's မှ လေလံတင်ရောင်းချတဲ့အိမ်တော် က ဆိုပါတယ်။ "ဒီဖိနပ်တွေဟာ စျေးကွက်ထဲကို ယူလာသမျှ Air Jordan ဖိနပ်တွေထဲမှာ တန်ဖိုးအရှိဆုံးနဲ့ အထူးခြားဆုံး စုစည်းမှုဖြစ်ပါတယ်" ဟု ၎င်းက လေလံပွဲမစမီ ပြောကြားခဲ့ပါတယ်။
လေလံပွဲပြီးတဲ့နောက်မှာ ဂျော်ဒန်က လေလံအောင်သူတွေကို လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ ဒီဖိနပ်တွေဟာ ဂျော်ဒန်အတွက် အံ့မခန်းငွေနဲ့ရောင်းချတဲ့ ပထမဆုံးသော ဖိနပ်တွေတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း ဂျော်ဒန်ရဲ့ အထင်ကရ အနက်ရောင်နဲ့ အနီရောင် ပေါင်း စပ်ထားတဲ့၊ ၁၉၈၈ ခုနှစ် ၎င်းရဲ့ နောက်ဆုံး NBA ချန်ပီယံဂိမ်း 2 မှာ ဝတ်ဆင်ခဲ့တဲ့ Air Jordan 13s တစ်စုံကို နယူးယောက်မြို့ရှိ Sotheby's လေလံအိမ်မှာ ဒေါ်လာ ၂ ဒသမ ၂ သန်းနဲ့ ရောင်းချခဲ့ပါတယ်။
ဒါ့ပြင် ၂၀၂၁ ခုနှစ် အောက်တိုဘာလကလည်း ဂျော်ဒန်က ၎င်းရဲ့ပဉ္စမအကြိမ်မြောက် NBA ဂိမ်းမှာ ဝတ်ဆင်ခဲ့တဲ့ အနီရောင်နဲ့ အဖြူရောင် ရောစပ်ထားတဲ့ Nike Air Ships ဖိနပ်တစ်ရံကို ဒေါ်လာ ၁ ဒသမ ၄၇ သန်းနဲ့ လေ လံတင်ရောင်းချခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ကြယ်ပွင့် သရုပ်ဆောင် ကားလ်ဝဲသား အသက် ၇၆ နှစ်မှာ ကွယ်လွန်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း