ချီလီနိုင်ငံမှာတောမီးလောင်ကျွမ်းမှုတွေကြောင့် သေဆုံးသူ ၅၁ ဦးအထိ မြင့်တက်လာ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၄
ချီလီနိုင်ငံမှာဆိုးရွားစွာလောင်ကျွမ်းလျက်ရှိနေတဲ့ တောမီးကြောင့် အနည်းဆုံးလူပေါင်း ၅၁ ဦးသေဆုံးထားပြီး သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာဖွယ်ရှိနေကြောင်းသိရပါတယ်။
သေဆုံးနေသူတွေရဲ့ရုပ်အလောင်းကို လမ်းတွေပေါ်မှာတွေ့မြင်ရပြီး အိမ်တွေလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း ချီလီအာဏာပိုင်တွေက ပြောပါတယ်။ တောမီး လောင်ကျွမ်းမှုဟာ ဖေဖော်ဝါရီလ ၄ ရက်မှာလည်း ဆက်လက်ပျံ့နှံ့နေဆဲဖြစ်တဲ့အတွက် ချီလီနိုင်ငံ အလယ်ပိုင်းဒေသနဲ့တောင်ပိုင်းဒေသတွေမှာ အရေးပေါ်အခြေအ နေတွေကို ထုတ်ပြန်လိုက်ကြောင်း ချိလီသမ္မတကပြောပါတယ်။ ရာသီဥတု ခြောက်သွေ့လွန်ခြင်းအပြင် အပူချိန်မြင့်မားလာခြင်းကြောင့် တောမီးလောင်ကျွမ်းမှုအခြေအ နေတွေက ပိုမိုဆိုးရွားလာနေကြောင်း သိရပါတယ်။
ခရီးသွားတွေအများဆုံးသွားလေ့ရှိနေတဲ့ Vina del Mar of the Valparaiso မြို့မှာ ဂရေးရောင်မီးခိုးတွေနဲ့အုပ်ဆိုင်းနေပြီး ဒေသခံတွေဟာ ဘေးလွတ်ရာကိုရွှေ့ပြောင်းနေရကြောင်းသိရပါတယ်။ အသက် ၆၃နှစ်အရွယ်ရှိ ချီလီနိုင်ငံသားတစ်ဦးက "မီးဟာဆိုးရွားစွာလောင်ကျွမ်းနေဆဲဖြစ်တဲ့အတွက် နေရပ်စွန့်ခွာထွက် ပြေးခဲ့ရတယ်။ ကျွန်မတို့အိမ်လည်း မီးထဲပါသွားခဲ့သလိုပိုင်ဆိုင်မှုအရာအားလုံး ဆုံးရှုံးခဲ့ရတယ်။ မီးသတ်သမားတွေဟာ မီးငြှိမ်းသတ်နိုင်ဖို့ ကြိုးပမ်းနေပေမဲ့ တောမီး လောင်ကျွမ်းမှုတွေ ပျံ့နှံ့နေတဲ့အတွက် မီးငြှိမ်းသတ်နိုင်ဖို့ ရုန်းကန်နေရကြောင်း သိရပါတယ်။ ချီလီတောမီးကြောင့် သေဆုံးသူအရေအတွက်ဟာ ဖေဖော်ဝါရီလ ၃ ရက်က ၄၅ ဦးသာရှိခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းမှာတော့ သေဆုံးသူအရေအတွက် ၅၁ ဦးအထိမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆)ခု၌ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလအသိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ