ပြည်သူ့ရင်ပြင်၌ ရေဂါလန်(၂)သိန်းဆံ့ မြေအောက်ရေလှောင်ကန်ကို သင်္ကြန်အမီတည်ဆောက်သွားမည်
ယွန်း (NSS) - ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ရေဂါလန်(၂)သိန်းဆံ့ မြေအောက်ရေလှောင်ကန်ကို သင်္ကြန်အမီတည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်ထံမှ သိရသည်။
အဆိုပါ မြေအောက်ရေလှောင်ကန်သည် ရေဂါလန်(၂) သိန်းဆံ့မည်ဖြစ်ပြီး အလျား ပေ(၈၀)၊ အနံ ပေ(၄၀)နှင့် အနက် (၁၁)ပေရှိကြောင်း သိရသည်။
ထို့ပြင် ရေတွန်းစက်ရုံသည် အလျားပေ (၄၀)၊ အနံ (၁၈)ပေရှိပြီး 30 HP (22kW) စက်(၄)လုံးဖြင့် ဆောင် ရွက်သွားမည်ဖြစ်ကာ ရေလှောင်ကန်အတွင်းသို့ မြေအောက်ရေရယူ၍ ဖြည့်သွင်းသိုလှောင်မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်မှ အသိပေးထားသည်။
အဆိုပါ ရေများကို အများပြည်သူ ပွဲလမ်းသဘင်အခမ်း အနားများတွင် အသုံးပြုမည့်အပြင် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်ကြောင်း သိရသည်။ မြေအောက်ရေလှောင်ကန်ကို မကြာမီကျရောက်မည့် သင်္ကြန်ပွဲတော်အတွက်ပါ အသုံးပြုနိုင်ရန် အချိန်မီတည်ဆောက်နေကြောင်း သိရသည်။
အလားတူ တစ်နာရီလျှင် လူပေါင်း(၁၄၀၀၀)ဖြတ်သန်းသွားလာနိုင်မည့် မြေအောက်ဥမင်ကိုလည်း ရွှေတိဂုံဘုရား နှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်ကာ တည်ဆောက်လျက်ရှိပြီး (၃၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချီလီနိုင်ငံမှာတောမီးလောင်ကျွမ်းမှုတွေကြောင့် သေဆုံးသူ ၅၁ ဦးအထိ မြင့်တက်လာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ