အမေရိကန်နိုင်ငံရဲ့တိုက်ခိုက်မှုတွေအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကျင်းပမယ်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၄
အီရတ်နဲ့ ဆီးရီးယားနိုင်ငံတို့ကို အမေရိကန်နိုင်ငံတိုက်ခိုက်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီလ ၅ ရက်မှာ ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
အမေရိကန်နိုင်ငံဟာ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းပြောဆိုထားပါတယ်။ အမေရိကန်နိုင်ငံရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ဆွေးနွေးဖို့ ရုရှားနိုင်ငံက တောင်းဆိုလာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၅ရက်မှာ အစည်းအဝေးကျင်းပဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်သုံးဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ၎င်းစစ်သားတွေသေဆုံးမှုကို လက်တုံ့ပြန်မှုအဖြစ် ဖေဖော်ဝါရီလ ၂ရက်မှာဆီးရီးယားနဲ့အီရတ်နိုင်ငံရှိလက်နက်ကိုင်အဖွဲ့တွေအပြင် အီရန် Quds Force တွေကို ပစ်မှတ်ထားတိုက် ခိုက်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်စစ်တပ်က "အမေရိကန်နိုင်ငံက ပျံသန်းလာတဲ့ ဗုံးကြဲလေယာဉ်တွေ အပါအဝင် တိုက်လေယာဉ်အများအပြား နဲ့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့ရှိ ပစ်မှတ်ပေါင်း ၈၅ ခုကို တိုက်ခိုက်ခဲ့တယ်"လို့ ပြောပါတယ်။
ဆီးရီးယားနဲ့အီရတ်နိုင်ငံတို့ရှိ လက်နက်ကိုင်အဖွဲ့တွေအပေါ် တိုက်ခိုက်ခဲ့တဲ့အမေရိကန်ရဲ့လုပ်ရပ်ကို အီရန် နဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့စည်းတွေက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အမေရိကန်ရဲ့လုပ်ရပ်က မီးလောင်ရာ လေ့ပင်သလိုမျိုးဖြစ်လာစေခဲ့ကြောင်း ဟားမက်စ်လက်နက်ကိုင်အုပ်စုကဝေဖန်ပြစ်တင်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့ရင်ပြင်၌ ရေဂါလန်(၂)သိန်းဆံ့ မြေအောက်ရေလှောင်ကန်ကို သင်္ကြန်အမီတည်ဆောက်သွားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ