KIA၊ PDF ပူးပေါင်းအဖွဲ့ ထိန်းချုပ်ထားသော ကောလင်းမြို့ကို တပ်မတော်ဘက်က ပြန်လည်ထိုးစစ်ဆင်နေ
မြူနစ် (NSS) - ဖေဖော်ဝါရီ ၄
KIA၊ PDF ပူးပေါင်းအဖွဲ့ ထိန်းချုပ်ထားသော ကောလင်းမြို့ကို တပ်မတော်ဘက်က ပြန်လည်ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။
ကောလင်းမြို့နှင့်အနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းများနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့သည် ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
"အရင်ရက်တွေကတော့ ကန့်ဘလူ-ကျွန်းလှကနေ ရဟတ်ယာဉ်တွေနဲ့ အင်အားတော်တော်များများ ပို့တယ်လို့ ကြားတယ်။ ထိုးစစ်က စတော့မှာပေါ့။ ကောလင်းက PDF တွေ သိမ်းထားတာလေ။ ကောလင်းမှာတော့ တိုက်ပွဲက ပိုပြင်းထန်လာနိုင်တာပေါ့" ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက NSS ကို ပြောသည်။
တပ်မတော်စစ်ကြောင်း (၄)ကြောင်းသည် ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်) ညနေပိုင်းမှစတင်ကာ ကောလင်းမြို့၏ တောင်ဘက် နှင့် မြောက်ဘက်တို့မှ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ကောလင်း PDF အဖွဲ့ကလည်း အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ ထိုးစစ်ဆင်လာသည့်အတွက် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်နေ လျက်ရှိကြောင်း သိရသည်။
ကောလင်းမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလာနေသည့် အတွက် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်နေ လျက်ရှိပြီး စစ်ဘေးရှောင်ရန် ပြင်ဆင်ဆောင်ရွက်နေ လျက်ရှိကြောင်း သိရသည်။
KIA၊ PDF ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် ကောလင်းမြို့ပေါ်ရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံရဲ့တိုက်ခိုက်မှုတွေအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကျင်းပမယ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ