MNL ဘောလုံးအသင်းများအနက် ရခိုင်ယူနိုက်တက်အသင်းက ကစားသမားလစာကို ပထမဆုံးကြေညာခေါ်ယူသည့်အသင်းဖြစ်လာ
သုတကျော် (NSS) - ဖေဖော်ဝါရီ ၄
Myanmar National League (MNL) ဘောလုံးအသင်းများအနက် ရခိုင်ယူနိုက်တက်အသင်းသည် ကစားသမားလစာကို ပထမဆုံးကြေညာခေါ်ယူသည့် အသင်းဖြစ်လာကြောင်း သိရသည်။
ရခိုင်ယူနိုက်တက်ဘောလုံးအသင်းအနေဖြင့် ဖေဖော်ဝါရီ လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် MNL 1 တွင် ပြိုင်ပွဲဝင် နေသည့် ရခိုင်ယူနိုက်တက် နှင့် MNL 2 တွင် ပြိုင်ပွဲဝင် နေသည့် ရက္ခပူရ ဘောလုံးအသင်းတို့အတွက် ကစား သမားသစ်များ ရွေးချယ်ပွဲပြုလုပ်မည်ဖြစ်ရာ လစာကိုပါတပါတည်း အသိပေးလာခြင်းဖြစ်ပြီး MNL ပြိုင်ပွဲဝင်ဘောလုံးအသင်းများအနက် ပထမဆုံးအကြိမ်လုပ်ရပ်လည်း ဖြစ်သည်။
၂၀၂၄ - ၂၀၂၅ ဘောလုံးရာသီအတွက်လက်ရွေးစင်အ သင်းကြီး ကစားသမားနှင့် ယူ - ၂၃ လက်ရွေးစင်ကစား သမားတို့ကို စတင်ရွေးချယ်ခေါ်ယူရာတွင် လက်ရွေးစင်အသင်းကြီး ကစားသမား လစာကို ငွေကျပ် ၁၀ သိန်း မှ ၁၅ သိန်း ၊ ယူ -၂၃ ကစားသမားလစာကို ငွေကျပ် ၆ သိန်း မှ ၉ သိန်းပေးမည်ဟု အသိပေးထားခြင်းဖြစ်သည်။
MNL 2 ပြိုင်ပွဲဝင် ရက္ခပူရ ကစားသမားများအား လစာ ငွေကျပ် ၃ သိန်းမှ ၅ သိန်းဟု သတ်မှတ်ထားကာ လက်ရှိ ရခိုင်ယူနိုက်တက်အသင်းမှ ကစားသမားများကိုလည်း ယခင်နှစ် စွမ်းဆောင်ရည် အတက်အကျကြည့်ကာ လစာနှုန်းထား တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ဘနွန် နဲ့ ဆီးရီးယားနိုင်ငံတို့ရှိ ဟစ်ဘိုလာ လက် နက်ကိုင်အဖွဲ့ရဲ့နေရာပေါင်း ၃၀၀၀ ကျော်ကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ဟု အစ္စရေးစစ်တပ်ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း