လက်ဘနွန် နဲ့ ဆီးရီးယားနိုင်ငံတို့ရှိ ဟစ်ဘိုလာ လက် နက်ကိုင်အဖွဲ့ရဲ့နေရာပေါင်း ၃၀၀၀ ကျော်ကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ဟု အစ္စရေးစစ်တပ်ပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၄
အစ္စရေး စစ်တပ်ဟာ ဆီးရီးယားနဲ့ လက်ဘနွန်နိုင်ငံတို့ရှိ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တွေရဲ့နေရာပေါင်း ၃၀၀၀ ကျော်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းအစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း လက်ဘနွန်နိုင်ငံအခြေစိုက်ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကတ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အစ္စရေးစစ်တပ်ဟာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို ချက်ချင်းလက်တုံ့ပြန်တိုက် ခိုက်ခဲ့ကြောင်း၊ အစ္စရေးနဲ့လက်ဘနွန်နယ်စပ်ဒေသတစ် လျှောက်မှာ အစ္စရေးတပ်ရင်းသုံးရင်းကို ဖြန့်ကျက်ချထားကာ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း၊ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်လ်ဟာဂါရီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ္စရေးစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာတပ်ဖွဲ့ဝင်ပေါင်း အနည်းဆုံး ၂၀၀ ကျော်သေဆုံးခဲ့ကြောင်း၊ ရန်စမှုတွေ လုပ်ဆောင်မယ်ဆိုရင် ချက်ချင်းလက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
၎င်းက "ကျွန်တော်တို့ဟာ စစ်ပွဲကို ပထမဦးစားပေးအနေနဲ့ ရွေးချယ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်ဆောင်နေတယ်"လို့ပြောပါတယ်။ အစ္စရေးစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် ဟစ်ဘိုလာအုပ်စုရဲ့လက်နက်သိုလှောင်ရာနေရာ ၄၀၊ အမိန့်ပေးစင်တာ ၄၀ နဲ့ စစ်စခန်းပေါင်း ၁၂၀ ကျော်အပါ အဝင် ဟစ်ဘိုလာအုပ်စုရဲ့စစ်ဘက်ဆိုင်ရာနေရာအများအပြား ထိခိုက်ဖျက်ဆီးခဲ့ကြောင်း အစ္စရေးစစ်တပ်ကပြောပါတယ်။ အစ္စရေးဟာ လက်ဘနွန်နိုင်ငံကိုသာမက ဆီးရီးယားနိုင်ငံရှိ ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုတွေကို ပစ်မှတ်ထားကာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Atrazine အပါအဝင် ပေါင်းသတ်ဆေး(၅)မျိုးကို (၂၀၂၅) ခုနှစ် နှစ်စပိုင်းမှစ၍ သုံးစွဲရန်တားမြစ်သွားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ