အမေရိကန် နဲ့ ဗြိတိန်တို့ ပူပေါင်းပြီး ဟူသီလက်နက်ကိုင်အုပ်စုထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၃၆ ခုကို ထပ်မံတိုက်ခိုက်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၄
ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ အမေရိကန် နဲ့ ဗြိတိန်တို့ဟာ ယီမင်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၃၆ ခုကို ဖေဖော်ဝါရီလ ၃ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
အမေရိကန် နဲ့ ဗြိတိန်တို့ဟာ ယီမင်နိုင်ငံအတွင်းရှိ နေရာပေါင်း ၁၃ နေရာရှိ ပစ်မှတ်ပေါင်း ၃၆ ခုကို လေကြောင်းက တိုက်ခိုက်ခြင်း၊ ပင်လယ်ထဲက တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ ကြောင်း အမေရိကန်စစ်တပ်ရဲ့အမိန့်ပေးစင်တာက သတင်းထုတ်ပြန်ထားပါတယ်။ အမေရိ ကန် နဲ့ ဗြိတိန်တို့ ပူးပေါင်းစစ်ဆင်ချိန်အတွင်း ရေတပ်သင်္ဘောတွေကနေ တိုမာဟောခ် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့သလို F/A-18 တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
အမေရိကန်စစ်တပ်က "ဗြိတိန်နိုင်ငံနဲ့ပူးပေါင်းပြီးပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အုပ်စုရဲ့ ဒုံးကျည် နဲ့ မောင်းသူမဲ့လေယာဉ်တွေ သိုလှောင်ထားရာနေရာတွေအပြင် အမိန်ပေးစင်တာတွေ၊ ထိန်းချုပ်ရေးစင်တာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထားတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်။ ဒီတိုက်ခိုက်မှုတွေဟာ ပင်လယ်နီဒေသကို တိုက်ခိုက်နေတဲ့ ဟူသီလက်နက်ကိုင်အုပ်စုရဲ့စွမ်းရည်တွေလျော့နည်းသွားစေဖို့ ရည်ရွယ်တာမျိုးဖြစ်တယ်"လို့ ပြောပါတယ်။
ဟူသီလက်နက်ကိုင်အုပ်စုဟာ ပင်လယ်နီဒေသအတွင်းက ဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေကို ခရုဇ်ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထပ်မံတိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန် နဲ့ ဗြိတိန်တို့ပူးပေါင်းပြီး ယီမင်နိုင်ငံကိုတိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စု ပြောရေးဆိုခွင့်ရှိသူ Mohammed al-Bukhaiti က တင်းမာမှုအရှိန် ပိုမိုမြင့်သထက် မြင့်တက်လာနေကြောင်း ပြောပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုဟာ အစ္စရေးနဲ့စစ်ပွဲဖြစ်ပွားနေတဲ့ ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံကြောင်းပြသဖို့ နဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့ ရည်ရွယ်ပြီး ပင်လယ်နီဒေသကဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးမြို့ကို KIA ထုတ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန် စီစဥ်နေ့သည့် DSRB အဖွဲ့ဝင်(၆)ဦးကို ၁၀၇ မမများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကထုတ်ပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ