ခေတ်မီအမြောက်လက်နက် နှင့် ခဲယမ်းများကို တပ်ဆင်ပေးနေကြောင်း တပ်ချုပ်ပြော
မြူနစ် (NSS) - ဖေဖော်ဝါရီ ၄
အမြောက်တပ်ဖွဲ့အား ခေတ်မီအမြောက်လက်နက် နှင့် ခဲယမ်းများကို တပ်ဆင်ပေးနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ယမန်နေ့(ဖေဖော်ဝါရီလ ၃ ရက်)တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ကျင်းပသော (၇၅)နှစ်မြောက်စိန်ရတုအမြောက်တပ်ဖွဲ့နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အမြောက်တပ်ဖွဲ့သည် စတင်ဖွဲ့စည်းသောအချိန်မှစ၍ အမိန့်နာခံကာ စစ်စည်းကမ်းကောင်းမွန်သည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သမိုင်းဝင်အင်းစိန်တိုက်ပွဲတွင်လည်း ထူးချွန်ပြောင်မြောက်စွာ ပစ်ကူပေးတိုက်ပွဲဝင်နိုင်ခဲ့သည်ဟု တပ်ချုပ်က ပြောသည်။
ထို့ပြင် လက်ရှိ နစကအစိုးရလက်ထက်တွင်လည်း နိုင်ငံတော်ကို ဘက်ပေါင်းစုံက အဖျက်အမှောင့်လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းရာတွင် အမြောက်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်များကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ထပ်မံပြောသည်။
နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရန် ခေတ်မီအမြောက်လက်နက်များ၊ ခဲယမ်းများနှင့် အမြောက်တပ်ဖွဲ့သုံး ကရိယာများကို တပ်ဆင်ပေးနေသကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက်လည်း ပြည်ပနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခြင်းကို ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိနစကအစိုးရလက်တွင် နိုင်ငံအတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF များနှင့် တပ်မတော်တို့ကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။
အဆိုပါတိုက်ပွဲများတွင် တပ်မတော်ဘက်က လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် တိုက်ခိုက်ပေးနေသည်ကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် နဲ့ ဗြိတိန်တို့ ပူပေါင်းပြီး ဟူသီလက်နက်ကိုင်အုပ်စုထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၃၆ ခုကို ထပ်မံတိုက်ခိုက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ