နှစ်ပေါင်း (၃ဝဝ)နီးပါး သက်တမ်းရှိ သံပုရာသီးကို ဗြိတိန်မှာ ဒေါ်လာ ၁၄၀၀ ကျော်နဲ့ လေလံတင် ရောင်းထွက်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၄
သံပုရာသီးဟာ စျေးကြီးနိုင်ပါတယ်။ အထူးသဖြင့် နှစ်ရာနဲ့ချီ သက်တမ်းရှိ သံပုရာသီးတစ်လုံးဆိုရင် ပိုပြီးဖြစ်နိုင်ပါတယ်။ ဗြိတိန်မှာ ၁၉ ရာစုနှစ်လောက်က ကျန်ရှိခဲ့တဲ့ သံပုရာသီးတစ်လုံးကို ပေါင် ၁၄၀၀ ကျော်နဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။
အဆိုပါ သံပုရာသီးကို ၁၉ ရာစု ချက်ခ်ခုံတစ်ခုရဲ့ အံဆွဲအောက်ခြေမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကွယ်လွန်သူ ဦးလေးဆီက ပရိဘောဂကို အမွေဆက်ခံတဲ့ မိသားစုတစ်စုက အဆိုပါ သံပုရာသီးကို လေလံတင်ရောင်းချဖို့ အင်္ဂလန်နိုင်ငံ၊ West Midlands ရှိ Brettells လေလံတင်သူတွေနဲ့ တန်ဖိုးမြှင့်သူတွေဆီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ပေါင် ၄၀ ကနေ ၆၀ လောက်ထိပဲ လေလံရောင်းဖို့ ခန့်မှန်းထားပေမယ့် အဆုံးမှာတော့ ပေါင် ၁၄၀၀ ကျော်နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။
ဒီသံပုရာသီးဟာ ဟောင်းနွမ်းပြီး မှိုတက်နေတာဖြစ်လို့ သုံးစရာနေရာတော့ ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ အမှတ်တရအနေနဲ့တော့ သိမ်းထားနိုင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခေတ်မီအမြောက်လက်နက် နှင့် ခဲယမ်းများကို တပ်ဆင်ပေးနေကြောင်း တပ်ချုပ်ပြော
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ