စာကို နာရီပေါင်း ၂၁၆ နာရီကြာ ဆက်တိုက်ဖတ်ပြပြီး၊ ကမ္ဘာဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ ဂါနာနိုင်ငံသား
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂
ဂါနာနိုင်ငံသား အင်္ဂလိပ်စာဆရာတစ်ဦးဟာ အချိန်အကြာဆုံး စာဖတ်နိုင်စွမ်းရှိသူတစ်ဦးအဖြစ် ကမ္ဘာ့ဂင်းနစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။
အင်္ဂလိပ်စာဆရာတစ်ဦးဖြစ်တဲ့ မာဝီနာဘီနီဒစ်တက် ဆိုသူဟာ တစ်ဦးချင်းစာဖတ်ရာမှာ အချိန်အကြာဆုံး စာဖတ်နိုင်သူအဖြစ် ကမ္ဘာဂင်းနစ်စံချိန်တင်နိုင်ဖို့ ကြိုးပမ်းခဲ့ရာအောင်မြင်မှုရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိ မာဝီနာဟာ စာကို နာရီပေါင်း ၂၁၆ နာရီကြာဖတ်ပြပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
မာဝီနာရဲ့စာဖတ်နိုင်မှုစွမ်းရည်ကို ရက်နဲ့တွက်ချက်မယ်ဆိုရင် ရက်ပေါင်း ၉ ရက်ကြာမြင့်ခဲ့ပြီး စာကို မရပ်မနား ဆက်တိုက်ဖတ်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မာဝီနာက မာရသွန်စာဖတ်မှု reading marathon လုပ်ဆောင်ခြင်းဟာ ကျောင်းသားတွေကြား စာဖတ်တဲ့ အလေ့အကျင့်ကောင်းတစ်ခု ပျိုးထောင်ပေးနိုင်ဖို့ မိမိကိုယ်ကိုယ် စံပြဖြစ်အောင်လုပ်ဆောင်ဖို့ စေ့ဆော်မှုဖြစ်လာခဲ့ကြောင်း ပြောပါတယ်။
၎င်းက "ကျောင်းသားတွေကို စာဖတ်တဲ့ အလေ့အကျင့်ကောင်းတွေရရှိစေဖို့နဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာ ဂါနာ စာရေးဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်အောင် ဂင်းနစ်စံချိန်တင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။
စာဖတ်မှုအချိန်အကြာဆုံးပြုလုပ်နိုင်သူတွေအဖြစ် စံချိန်တင်ထားသူကတော့ ကာဂျစ္စတန်နိုင်ငံက Rysbai Isakov ဆိုသူဖြစ်ပြီး ၎င်းဟာ ၂ဝ၂၂ ခုနှစ်တုန်းက စက်တင်ဘာ ၂၂ ရက်ကနေ ၂၇ ရက်အထိ နာရီပေါင်း ၁၂၄ နာရီကြာ စာဖတ်နိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံအခြေအနေကို ဘင်္ဂလားဒေ့ရှ်အထူးသတိထားစောင့်ကြည့်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ