Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံအခြေအနေကို ဘင်္ဂလားဒေ့ရှ်အထူးသတိထားစောင့်ကြည့်နေ

Htay Oung (NSS) - ဖေဖော်ဝါရီ ၂ 

နယ်စပ်ဖြတ်ကျော်စိမ့်ဝင်မှုများနဲ့ မိမိနိုင်ငံသားများ ထိခိုက်မှု မရှိစေရေးအတွက် မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားနေတဲ့အခြေအနေများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထူးသတိထားစောင့်ကြည့်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပြတယ်လို့ ဒါကာထရီဗြွန်းသတင်းစာက ယမန်နေ့ ရေးသားပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း၊ ဒါပေမယ့် အဲဒီကိစ္စမှာ ဘင်္ဂလားနိုင်ငံသားများ ဘယ်လိုနည်းမျိုးနဲ့မျှ ထိခိုက်နစ်နာမှုမရှိစေရေးနဲ့ နယ်စပ်စပ်ဖြတ်ကျော် စိမ့်ဝင်မှုများ ထပ်မံမဖြစ်ပေါ်စေဖို့ အထူးအလေးထား စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ကြာသပတေးနေ့ နေ့စဉ်မီဒီယာများနဲ့ တွေ့ဆုံရာမှာ ပြောပြပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံတမန် မစ်ရှင်နှစ်ခုရှိကြောင်း၊ စစ်တွေမြို့ရှိ မစ်ရှင်နဲ့ နေပြည်တော်သံရုံးတို့က အခြေအနေအရပ်ရပ်ကို ခြုံငုံစောင့်ကြည့်နေပြီး လိုအပ်ပါက မြန်မာအစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ လက်ရှိအခြေအနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှု များနဲ့ပတ်သက်ပြီး ဒါကာမြို့ မြန်မာသံရုံးအပြင် မြန်မာအစိုးရအာဏာပိုင်များအားလုံးတို့နဲ့ အနီးကပ် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်အချင်းချင်းတို့ကလည်း ချိတ်ဆက်ဆောင်ရွက်နေ ကြောင်း ဒါကာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးရုံး (OHCHR) ၏ အဆိုအရ မြန်မာနိုင်ငံအတွင်း အောက်တိုဘာလမှ စတင်ကာ လူပေါင်း ၅၅၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ ယေဘုယျပြောရလျှင် ၂ဝ၂၃ ခုနှစ်အတွင်း စစ်ရေးပဋိပက္ခကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့အရပ်သားဦးရေဟာ ၁၆ဝဝ ယောက်ကျော်အထိ မြင့်တက်လာခဲ့ပြီး ယခင်နှစ်ထက် လူ ၃ဝဝ ခန့် တိုးမြင့်လာခြင်းဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်အထိ နိုင်ငံရေးအကြောင်းပြချက်ဖြင့် လူပေါင်း ၂၆,ဝဝဝ နီးပါး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ၁၉,၉၇၃ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ အချို့မှာ ညှဉ်းပန်းနှိပ်စက်စော်ကားခံနေရပြီး ဖြောင့်မတ် ဆီလျော်တဲ့တရားစီရင်မှု ရရှိဖို့ မျှော်လင့်ချက်မရှိကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်များကို ကိုးကားပြီး ကုလသမဂ္ဂရုံးက ပြောပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း လူပေါင်း ၁၅၇၆ ဦးတို့ဟာ  စစ်တပ်က ဖမ်းဆီးထိန်းသိမ်း ထားစဉ် သေဆုံးခဲ့ရပါတယ်။

နယ်စပ်တလျှောက်ရှိ ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင်များကို တပ်လှန့်ထားဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ပြောခဲ့ဖူးပါတယ်။


“မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဘယ်တုန်းကမှ ကောင်းတယ်လို့ကို မရှိခဲ့ဖူးဘူး။ တစ်ခါတစ်လေ ကောင်းလိုက် ဆိုးသွားလိုက်နဲ့ မတည်မငြိမ် အမြဲပြောင်းလဲနေတယ်။ ရခိုင်ပြည်နယ် လူမျိုးသုဥ်းပြုခံရလို့ ထွက်ပြေးလာတဲ့ ဘင်္ဂါ လီဒုက္ခသည် ၁.၁ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်က ခိုလှုံခွင့်ပေးခဲ့ရသလို မြန်မာနိုင်ငံမှာလည်း အဲဒီလို အခြေအနေ မျိုးနဲ့ ကြုံတွေ့နေရတယ်” လို့ ပြောခွင့်ရပုဂ္ဂိုလ်က ဥပမာပေးပါတယ်။

တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်အစိုးရတို့နဲ့ သုံးပွင့်ဆိုင်ယန္တရားအကြား သဘောတူညီချက်များ ရှိနေပေမယ့် နေရပ်ပြန်သူ တစ်ယောက်မှ မရှိသေးပါဘူး။

ဒါပေမယ့် ဒုက္ခသည်များ နေရပ်ပြန်ရေး စတင်ဖို့အတွက် အချိန်အခါကောင်း မဟုတ်ကြောင်း မကြာသေးမီ ဒါကာ အခြေစိုက်ကုလသမဂ္ဂဌာနေ ညှိနှိုင်းဆောင်ရွက်ရေးမှူးက ပြောပါတယ်။ 

အဓိကအတိုက်အခံပါတီကြီး သပိတ်မှောက်ထားတဲ့ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရရှိပေမယ့် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများအပြင် အနောက်နိုင်ငံများနဲ့ ဝေးကွာလာတဲ့ ရှိတ်ဟာစီနာ အစိုးရအဖွဲ့သစ်ဟာ ဒေသအတွင်းနဲ့ ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံရဲ့ထောက်ခံမှုကို အသည်းအသန်ရှာဖွေနေပါတယ်။

အဲဒီအတောအတွင်း တရုတ်ကွန်မြူနစ်ပါတီ အမျိုးသမီး ဒုတိယ၀န်ကြီး (နိ်ုင်ငံတကာရေးရာဌာန) ဆွန်ဟိုင်းရန် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာပါတယ်။ ပဉ္စမသက်တမ်းအတွက် ဆက်လက်ရွေးကောက်ခံရသူ ရှိတ်ဟာစီနာနဲ့ အစိုးရအဖွဲ့သစ်အတွက် ၀မ်းမြောက်ဂုဏ်ယူပါကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ကွန်မြူနစ် ပါတီရဲ့သဝဏ်လွှာကို ဆွန်ဟိုင်းရန်က သယ်ဆောင်လာပါတယ်။

တရုတ်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အရေးအကြီးဆုံး မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေထဲက တစ်ခုဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများရဲ့ကံကြမ္မာကို ပြောင်းလဲရေးကြိုးပမ်းမှုနဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူများ အပေါ် ချစ်ခြင်းမေတ္တာတို့ကြောင့် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေဗကာက်ခံရခြင်းအပေါ် သမ္မတရှီကျင့်ဖျင်က ယုံကြည်ကြောင်း၊ အစိုးရသစ်ရဲ့သက်တမ်းအတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်နိုင်ငံက ယခင် ထက် ပိုမိုပြီး ဆက်လက်ကူညီဖို့ မျှော်လင့်ပါကြောင်း ဇန်နဝါရီ ၂၅ ရက် ရှိတ်ဟာစီနာနဲ့တွေ့ဆုံစဉ် ဆွန်ဟိုင်းရန်က ပြောပါတယ်။

ယခင် စင်္ကာပူနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဖြစ်သူ ဆွန်ဟိုင်းရန်(အသက် ၅၁ နှစ်) ၁၉၉၁ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ဖူးပါတယ်။ ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲအပြီး ဒါကာကို လာရောက်လည်ပတ်တဲ့ တရုတ်အဆင့်မြင့်ကိုယ်စားလှယ်များးအနက် ဆွန်ဟာ ပထမဆုံးဖြစ်ပါတယ်။ တရုတ် ကွန်မြူနစ်ပါတီ ဒုတိယ၀န်ကြီးများအနက် ယခင်သမ္မတဟောင်း ဟူ ကျင်းတောင်ရဲ့သား ဟူဟိုင်းဖုန်းကလည်း တစ်ဦး ပါဝင်ပါတယ်။ ၂ဝ၂၂ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီအထွေထွေ ညီလာခံကျင်းပစဉ် ခန်းမထဲမှ ဆွဲထုတ်ခံသွား ရပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့တဲ့ တရုတ်ခေါင်းဆောင်ဟောင်းရဲ့သားဖြစ်သူကို ကွန်မြူနစ်ပါတီ (မြို့ပြရေးရာ) ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ဇန်နဝါရီ ၁၈ ရက် နီကီ_အေးရှား သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့က ဒုတိယဝန်ကြီးဆွန်ဟာ မောလ်ဒိုက်နိုင်ငံမှတဆင့် ဘင်္ဂလားဒေ့ရ်ှကို ရောက်ရှိလာပြီး နောက် နီပေါနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ရာ နောက်တစ်နေ့မှာ ရောက်ရှိပါတယ်။ တရုတ်ကိုယ်စားလှယ်ဟာ နီပေါဝန်ကြီးချုပ် ပွတ်ရှ်ပါး_ကမဲလ်_ဒါဟဲနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးကြကြောင်း၊ ပေကျင်းမြို့သို့ နီပေါဝန်ကြီးချုပ် လာရောက်လည်ပတ်စဉ် ချုပ်ဆိုခဲ့တဲ့ သဘောတူညီ ချက်များနဲ့ နားလည်မှုများအကြောင်းကို ဆွေးနွေးကြတယ်လို့ ခတ္တမန္ဒူပို့စ် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က ရေးသားခဲ့ပါတယ်။


အသက် ၆၉ နှစ်အရွယ် ဝန်ကြီးချုပ်ဒါဟဲဟာ  ယခင်နီပေါဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် အဖြစ် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တို့မှာ ထပ်မံတာဝန်ယူခဲ့ပြီး ၂ဝ၂၂ ခုနှစ်ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်တင်မြှောက်ခြင်းခံရသူဖြစ်ပါတယ်။ 

လူဦးရေ ၂၈ သန်းခန့်ရှိ ကုန်းတွင်းပိတ်နိုင်ငံ နီပေါဟာ ကမ္ဘာ့အမြင့်ဆုံး တောင်ထွဋ် ၁ဝ ခုအနက် ၅ ခုကို ပိုင်ဆိုင်ပါ တယ်။ တိုင်းရင်သားမျိုးနွယ် ၁၄ မျိုးထက်မနည်းနေထိုင်ပြီး ဂေါ်ရခါးလူမျိုးအများစု ဟိန္ဒူဘာသာဝင် ၈၁ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာ ၉ ရာခိုင်နှုန်း၊ အစ္စလာမ် ၄ ရာခိုင်နှုန်းရှိပါတယ်။ ၁၈-ရာစု ဂေါ်ရခါးတို့ဟာ “ရာနာ” “ရှား” မင်းဆက်ကို ထူထောင်ခဲ့ကြပြီး ဗြိတိသျှလက်အောက်ခံ အိန္ဒိယနဲ့ မဟာမိတ်ဖွဲ့ခဲ့ပါတယ်။ 

၁၉၉၆ ခုနှစ် နီပေါဘုရင့်အစိုးရနဲ့ မော်စီတုန်းဝါဒီ နီပေါကွန်မြူနစ် CPN(M) တို့အကြား ၁ဝ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး အသာစီးရရှိတဲ့ကွန်မြူနစ်တို့က ၂ဝဝ၆ ခုနှစ်မှာ စစ်ပြေငြိမ်းခဲ့ပါတယ်။

၁၉၈၁-ခုနှစ်ကတည်းက ကွန်မြူနစ်ပါတီ၀င်တစ်ဦးဖြစ်ခဲ့သူ ဒါဟဲဟာ ပြည်တွင်းစစ်ကာလ “ရက်စက်ပြင်းထန်သူ” (နီပေါဘာသာစကား) “ပရာချန်ဒါ” အဖြစ် နာမည်ကြီးပါတယ်။ နီပေါကွန်မြူနစ်ပါတီ(မာရှယ်ဝါဒ) မှာ အထွေထွေ အတွင်းရေးမှူးဖြစ်လာပြီးနောက်ပိုင်း ၁၉၉၄ ခုနှစ်မှာ နီပေါကွန်မြူနစ်ပါတီ CPN(M) (မော်စီတုန်းဝါဒ အလည် အလတ်လမ်းစဉ်) ကို တည်ထောင်ခဲ့ပါတယ်။ နှစ်ပေါင်း ၂၄ဝ ကြာ ဘုရင်စနစ်ချုပ်ငြိမ်းတဲ့ ၂ဝဝ၈ ခုနှစ် ရွေးကောက်ပွဲမှာ CPN ပါတီဟာ အင်အားအကြီးဆုံးအဖြစ် ပေါ်ထွက်လာခဲ့ပြီး အဲဒီနှစ် သြဂုတ်လမှာ ပွတ်ရှ်ပါး ကမဲလ်ဒါဟဲကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ 

#ဘင်္ဂလားဒေ့ရှ် #မြန်မာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ #နီပေါပြည်တွင်းစစ် #OHCHR #တရုတ်ကွန်မြူနစ်ပါတီ_ဒုတိယ၀န်ကြီး_ဆွန်ဟိုင်းရန် #ပွတ်ရ်ှပါး_ကမဲလ်_ဒါဟဲ 

(Dhaka Tribune.,01 February 2024,” Bangladesh pays special attention to Myanmar situation” နှင့် ဆက်စပ်သတင်းများ) 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်၌ မြေခွန်တော်ကြွေးကျန်များ ဖြစ်ပေါ်ပါက အသုံးပြုခွင့်ပိတ်သိမ်းမည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved