ဂါဇာကမ်းမြောင်ဒေသရှိ စစ်ပွဲအတွက် ပြင်ဆင်ထားရန် အမေရိကန်တပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်း မီဒီယာများဖော်ပြ
Pika (NSS) - ဖေဖော်ဝါရီ ၁
အစ္စရေး-ဟားမက်စစ်ပွဲတွင် မြေပြင်တိုက်ပွဲများတွင် အမေရိကန်နိုင်ငံ ပါဝင်နိုေငေ်ချေရှိသည့် ကိစ္စများနှင့်ပတ်သက်ပြီး အီရတ်ရှိ အမေရိကန်လေတပ်ဖွဲ့များကို အသင့်အနေအထားဖြင့်နေရန် မှာကြားထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ စာရွက်စာတမ်းများကို ကိုးကားပြီး The Intercept သတင်းစာက ဖော်ပြခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲတွင် မြေပြင်၌ အမေရိကန်ပါဝင်နိုင်ချေနှင့်ပတ်သက်ပြီး ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ရန် နှင့် အရေအတွက်ဖော်ပြထားခြင်းမျိုးမရှိသော တပ်ဖွဲ့ဝင်များကို အသင့်အနေအထားဖြင့် နေခိုင်းထားကြောင်း အဆိုပါစာတမ်းထဲတွင်ဖော်ပြထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ပေးချက်ရန်တောင်းဆိုမှုများကို ပင်တဂွန်စစ်ဌာနချုပ်က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ အစ္စရေး-ဟားမက်စစ်ပွဲတွင် အမေရိကန်စစ်သားများက အစ္စရေးစစ်သားများနှင့်အတူ ပါဝင်တိုက် ခိုက်မှုများလုပ်ဆောင်မည်မဟုတ်ကြောင်း အမေရိကန်အစိုးရက ပြီးခဲ့သည့်နှစ် အောက်တိုဘာလတည်းက အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်နှစ်အောက်တိုဘာလက လုပ်ဆောင်ခဲ့သော ဟားမက်လက်နက်ကိုင်အဖွဲ့၏ အစ္စရေးအပေါ် တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရသည် ၎င်း၏လေယာဉ်တင်သင်္ဘောနှစ်စီးကို အရှေ့အလယ်ပိုင်းဒေသသို့ ချက်ချင်းစေလွှတ်ခဲ့ပြီး နောက်ထပ်ဖြန့်ကျက်ချထားမှုများအတွက် တပ်ဖွဲ့ဝင်(၂၀၀၀)ကို ပြင်ဆင်ထားခဲ့ကြောင်းလည်းသိရသည်။
သို့သော်လည်း အမေရိကန်စစ်သားများကို အစ္စရေးသို့မဟုတ် ဂါဇာကမ်းမြောင်ဒေသတွင် ဖြန့်ကျက်ချထားမည့် ရည်ရွယ်ချက်မျိုးမရှိကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၁၀)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် အီရတ်၊ ဆီးရီးယား နှင့်ဂျော်ဒန်တို့ရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့များက အကြိမ်ပေါင်း(၁၅၀)ကျော် တိုက်ခိုက်ခံခဲ့ရကြောင်းလည်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၈)ရက်တွင် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များကို အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့များက တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ တပ်ဖွဲ့ဝင် အနည်းဆုံး(၃)ဦးသေဆုံးခဲ့ပြီး အခြားစစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်၌ အသံတိတ်သပိတ်နှင့်အပြိုင် ဗုဒ္ဓဘာသာအရေး တက်ကြွလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ