(၃)နှစ်အတွင်း နိုင်ငံ့ဝန်ထမ်း (၁၀၀၀)ကျော် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရ
Pearl (NSS) - ဖေဖော်ဝါရီ ၁
(၃)နှစ်အတွင်း နိုင်ငံ့ဝန်ထမ်း (၁၀၀၀)ကျော် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
နိုင်ငံတော်၏ ပညာရေးဝန်ထမ်းများ ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် အခြားသော နိုင်ငံ့ဝန်ထမ်းသည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရမှုများရှိခဲ့သည်။
တပ်မတော်က နိုင်ငံတော် အာဏာရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၂၉ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံ့ဝန်ထမ်း (၁၁၂၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဝန်ထမ်းများအပေါ် ခြိမ်းခြောက်မှုများလည်း (၄၁၃)ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူကာလအတွင်း ရဟန်း/ သံဃာ (၇၇) ပါး၊ သီလရှင် (၂) ပါး နှင့် အရပ်သားပြည်သူ (၅၆၇၇) ဦး အကြမ်းဖက် သတ်ဖြတ်ခံထားရသဖြင့် စုစုပေါင်း (၆၈၈၀) ဦးအထိ ရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်အထိ ၆ လတာကာလအတွင်းနိုင်ငံတစ်ဝန်း အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် ရဟန်း/ သံဃာ (၃)ပါး ပျံလွန်တော်မူခဲ့ပြီး အရပ်သားပြည်သူ (၄၃၈) ဦး နှင့် နိုင်ငံ့ဝန်ထမ်း (၇၉) ဦး သေဆုံးခဲ့သဖြင့် စုစုပေါင်း ၅၂၀ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံကို ထောက်ခံအားပေးမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ