ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံကို ထောက်ခံအားပေးမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံကို ကူညီထောက်ခံပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးသစ် ဒေါင်ဂျွန်က "ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂတို့ဟာ တရုတ်နိုင်ငံအပေါ် ဖိအားပေးနေပေမယ့် ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားကို ကူညီထောက်ပံ့ပေးမယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် ပိတ်ဆို့မှုတွေလုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ခံနေရပေမယ့် ရုရှားနိုင်ငံကိုထောက်ခံမယ့် မူဝါဒကအပြောင်းအလဲလုပ်ဆောင်မှာမဟုတ်ဘူး။ ရုရှားကိုကူညီပေးမှုတွေကို စွန့်လွတ်မှာမဟုတ်ဘူး"လို့ ပြောပါတယ်။
ရုရှားဟာ တရုတ်နိုင်ငံရဲ့အဓိကအကျိုးစီးပွားကိစ္စတွေအပြင် ထိုင်ဝမ်အရေးကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် အခိုင်အမာထောက်ခံအားပေးနေတယ်လို့ ခံစားရကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးသစ်က အမေရိကန်ဟာ တရုတ်နဲ့ရုရှားနိုင်ငံတို့ကို အမြဲတမ်းပစ်မှတ်ထားနေကြောင်း၊ သမိုင်းနဲ့လက်တွေအမှန်တရားက ဘယ်သူကျဆုံးမယ်ဆိုတာ သက်သေပြသွားမှာဖြစ်ကြောင်းပြောပါတယ်။အနောက်အုပ်စုနိုင်ငံတွေဟာ တရုတ်နဲ့ ရုရှားနိုင်ငံကြား စစ်ရေးအဖွဲ့အစည်းအသစ်တည်ထောင်ဖန်တီးမှာကို မလိုလားကြောင်း၊ စစ်ရေးပူးပေါင်းဆောင် ရွက်တာကိုလည်းမကြိုက်နှစ်သက်ကြောင်း၊ တရုတ်နဲ့ ရုရှားတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေက တတိယနိုင်ငံကို ဆန့်ကျင်ဖို့ ရည်ရွယ်တာမျိုးမဟုတ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးကပြောပါတယ်။
အမေရိကန်နိုင်ငံက တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားကို စစ်လက်နက်ပစ္စည်းတွေ ကူညီပေးမယ်ဆိုရင် ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ရင်ဆိုင်ရမယ်လို့ စစ်ပွဲစတင်ခဲ့ပြီးနောက် သတိပေးခဲ့ဖူးကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှပ်ရှင်နှင့် မီဒီယာကဏ္ဍ အပါအဝင် လုပ်ငန်း(၉၀၀)နီးပါးကို ထုတ်ပေးထားသည့် ကိုဗစ်ချေးငွေ ပြန်ပေးဆပ်ရမည့်ကာလအား (၁)နှစ် ထပ်မံတိုးမြှင့်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ