ရာထူးကနုတ်ထွက်ဖို့ သမ္မတဇီလန်စကီးရဲ့တောင်းဆိုချက်ကို ယူကရိန်း ကာကွယ်ရေးဦးစီးချုပ် ငြင်းဆန်ပယ်ချ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁
ယူကရိန်း သမ္မတ ဇီလန်စကီးဟာ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေကို ရာထူးက ထုတ်ပယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် ကာကွယ်ရေးဦးစီးချုပ်တစ်ဦးကတော့ရာထူးကထွက်ဖို့ ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းကာကွယ်ရေးဦးစီးချုပ် Valery Zaluzhny က ယူကရိန်း သမ္မတဇီလန်စကီးရဲ့ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုချက်ကိုငြင်းဆန်ပယ်ချခဲ့ကြောင်း ဆိုပါတယ်။ ယူကရိန်းသမ္မတဟာ ကာကွယ်ရေးဦးစီးချုပ်ကို အမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲနေရာကို ပြောင်းလဲတာဝန်ယူဖို့ ကမ်းလှမ်းခဲ့ကြောင်း၊ ဒါပေမဲ့ ကာကွယ်ရေးဦးစီးချုပ်က အဲဒီကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း နီးစပ်သူများကပြောပါတယ်။
ယူကရိန်းသမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ထွက်ပေါ်နေတဲသတင်းတွေနဲ့ပတ်သက်ပြီး ပြောချင်တယ်။ ယူကရိန်း သမ္မတဟာ ကာကွယ်ရေး ဦးစီးချုပ်ကို ရာထူးကထွက်ဖို့ တောင်းဆိုတယ်ဆိုတာ မမှန်ဘူး၊ ကာကွယ် ရေးဦးစီးချုပ်ကို ထုတ်ပယ်မှာမဟုတ်ဘူး၊ ယူကရိန်းကာကွယ်ရေးဦးစီးချုပ် နုတ်ထွက်ခြင်းဟာ မတည်ငြိမ်မှုတွေနဲ့ စစ်ရှိန်လျော့ချဖို့ ရည်ရွယ်တဲ့ ကောလာဟလ သတင်းတွေသာဖြစ်ပါတယ်"လို့ ပြောပါတယ်။
ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ဟာ ယူကရိန်းမဲဆန္ဒရှင်ပြည်သူတွေကြား သမ္မတဇီလန်စကီးရဲ့ ပြိုင်ဘက်ဖြစ်လာဖွယ်ရှိနေကြောင်း သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။ ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ဟာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ နှိုင်းယှဉ်ရင် ယူကရိန်းပြည်သူတွေရဲ့ယုံကြည်မှုတွေကို ပိုမိုရရှိနေကြောင်း မကြာသေးမီက စစ်တမ်းတစ်ရပ်မှာဖော်ပြထားပါတယ်။ Kiev International Institute of Sociology (KIIS) ရဲ့ စစ်တမ်းတစ်ရပ်မှာ ယူကရိန်းသမ္မတဟာ စစ်တမ်းဖြေဆိုသူအားလုံးရဲ့ယုံကြည်မှု ၈၄ ရာခိုင်နှုန်းကနေ ၆၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ယူကရိန်းကာကွယ်ရေး ဦးစီးချုပ်က စစ်တမ်းဖြေဆိုသူအားလုံးရဲ့ ယုံကြည်မှု ၈၈ ရာခိုင်နှုန်း ရရှိခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၃)နှစ်အတွင်း နိုင်ငံ့ဝန်ထမ်း (၁၀၀၀)ကျော် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ