အမျိုးသမီး(၄)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု မြင်းခြံမြို့နယ်တွင် ဖြစ်ပွား
NSS - ဖေဖော်ဝါရီ ၁
မန္တလေးတိုင်း၊ မြင်ခြံမြို့နယ်တွင် အမျိုးသမီး(၄)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂၈ ရက်၊ ည ၁၀ နာရီအချိန်တွင် မြင်းခြံမြို့နယ်၊ တူရွင်းဘို့ကျေးရွာ၏ အနောက်တောင်ဘက် ၂ ဖာလုံခန့်အကွာ မြင်းခြံ-မြို့သာသွားကားလမ်းဘေးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တူရွင်းဘို့ကျေးရွာနေသူများဖြစ်သည့် မအိမေဂျာ(၂၄)နှစ်၊ ဒေါ်ခင်ဆွေဝင်း (၄၆)နှစ်၊ ဒေါ်ညွန့်မေ (၆၂)နှစ်နှင့် မဇင်မာတင်(၃၀)နှစ်တို့သည် နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အဖွဲ့ဝင်(၇)ဦးက ဆိုင်ကယ်(၄)စီးဖြင့် ရောက်ရရှိလာပြီး ၎င်းတိုးအားဖမ်းဆီးခေါ်ဆောင်သွားကာ အထက်ပါ ကားလမ်းဘေးအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် အဆိုပါအမျိုးသမီး(၄)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရာထူးကနုတ်ထွက်ဖို့ သမ္မတဇီလန်စကီးရဲ့တောင်းဆိုချက်ကို ယူကရိန်း ကာကွယ်ရေးဦးစီးချုပ် ငြင်းဆန်ပယ်ချ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ