ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပြောင်းအလဲအပါအဝင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အစားထိုးခန့်အပ်မှုများကို နစကပြုလုပ်
မြူနစ် (NSS) - ဖေဖော်ဝါရီ ၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပြောင်းအလဲအပါ အဝင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အစားထိုးခန့်အပ်မှုများကို နစကမှ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယမန်နေ့(ဇန်နဝါရီလ ၃၁ ရက်)တွင် အထက်ပါကဲ့သို့ အပြောင်းအလဲများ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးအား ကျန်းမာရေးအရ တာဝန်မှ အနား ယူခွင့်ပြုလိုက်သည်ဟု နစကမှ အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုသို့ လစ်လပ်ခဲ့သော ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုး၏ နေရာတွင် ဦးကိုကိုအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ဦးသိန်းစိုးသည် ပြီးခဲ့သော ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သကဲ့သို့ လက်ရှိနစကအစိုးရလက်ထက်တွင်လည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ထို့ပြင် နစကအနေဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးထားသည့် ဦးအောင်ဇော်အေးအစား ဦးအောင်အောင်အား အစားထိုးခန့်အပ်လိုက်သည်ဟု ထပ်မံကြေညာခဲ့သည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရှမ်းပြည်နယ်အတွင်း၌ တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်သော MNDAA၊ TNLA၊ AA တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မ တော်အနေဖြင့် စခန်းများ ဆုတ်ခွာပေးခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့ဖူးသည်။
ဆက်လက်ပြီး နစကအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးသန်းဝင်းအား တာဝန်မှအနားယူခွင့်ပြုလိုက်ပြီးနောက် ဦးကျော်မျိုးထွဋ်ကို အဖွဲ့ဝင်အဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင်ဒေါက်တာကျော်ထွန်းကိုလည်း တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု ထပ်မံကြေညာခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြွေထွက်နှုန်း ပိုမိုများပြားလာသည့်အတွက် မြွေအကောင်ရေ (၇၀) နီးပါး ဘေးလွတ်ရာသို့ ပြန်လွှတ်ရန် စာတင်ထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ