လက်နက်ကိုင်လမ်းစဥ် ချုပ်ငြိမ်းရန် ဆောင်ရွက်မည်ဟု တပ်ချုပ်ပြော
ယွန်း (NSS) - ဖေဖော်ဝါရီ ၁
လက်နက်အားကိုးဖြင့်သာ တရားမဝင်လုပ်ငန်းများကို လုပ်ရဲခြင်းဖြစ်ပြီး လက်နက်ကိုင်လမ်းစဥ်ကို ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ(၃၁)ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံးတွင် ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄)တွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြီးစိုးနေသည့် မြန်မာ၊ တရုတ်၊ ထိုင်းနယ်စပ်ဒေသများတွင် တရားမဝင်စီးပွားရေးလုပ်ငန်း အများစုရှိနေပြီး ကျားဖြန့်ဟုခေါ်သည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်ကစားမှုများကို ကျယ်ပြန့်စွာပြုလုပ်နေကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ- တရုတ်- ထိုင်း သုံးနိုင်ငံပူးပေါင်း၍ နှိမ်နင်းရှင်းလင်းမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းလျက်ရှိပြီး အဆိုပါ လုပ်ငန်းလုပ်ကိုင်နေသူအများစုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အကာအကွယ်ပေးထားသည့် နိုင်ငံခြားသားများဖြစ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးထားသည်။
၎င်းတို့သည် လက်နက်အားကိုးဖြင့်သာ တရားမဝင်လုပ်ငန်းများကို လုပ်ရဲခြင်းဖြစ်သဖြင့် လက်နက်ကိုင်လမ်းစဥ် ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း နစကဥက္ကဋ္ဌက ထုတ်ဖော်ပြောကြားခဲ့သည်။
အလားတူ ပါဝင်ပတ်သက်သူများကိုလည်း ဖော်ထုတ်ပြီး ထိရောက်စွာဖြင့် ပြင်းပြင်းထန်ထန် အရေးယူလျက်ရှိကြောင်း သိရသည်။
ကိုဗစ်(၁၉)ဖြစ်ပွားချိန်တွင် သွားလာမှုကန့်သတ်ချက်များဖြစ်ပေါ်ခဲ့ပြီး အွန်လိုင်းမှသာ လောင်းကစားမှုများလုပ်ဆောင်ခဲ့ရာ လုပ်ငန်းအတွက်လိုအပ်သည့် ကျွမ်းကျင်သူများနှင့် အထောက်အကူပြုဝန်ထမ်းများကို ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုမှတဆင့် နိုင်ငံခြားသားများပါ လောက်ကိုင်ဒေသထဲသို့ တရားမဝင် ဝင်ရောက်လာပြီး လက်ရှိတွင် နစကအနေဖြင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများကို ဖမ်းဆီးပြီး ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းရေးကို ဆောင်ရွက်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းအကျဉ်းသားတွေလိုက်ပါလာတဲ့ လေယာဉ်ကို ပစ်ချခဲ့တဲ့ယူကရိန်းစစ်တပ်ရဲ့လုပ်ရပ်ကို ရုရှားသမ္မတမေးခွန်းထုတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ