ယူကရိန်းအကျဉ်းသားတွေလိုက်ပါလာတဲ့ လေယာဉ်ကို ပစ်ချခဲ့တဲ့ယူကရိန်းစစ်တပ်ရဲ့လုပ်ရပ်ကို ရုရှားသမ္မတမေးခွန်းထုတ်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁
ရုရှားသမ္မတက ယူကရိန်းစစ်တပ်ဟာ စစ်ပွဲအတွင်း ဖမ်းဆီးခံထားရတဲ့ ယူကရိန်းနိုင်ငံသားတွေ လိုက်ပါလာတဲ့ လေယာဉ်ကို ပက်ထရီယော့ ဒုံးကျည်နဲ့ဘာကြောင့် ပစ်ချခဲ့သလဲဆိုတာကို နားမလည် နိုင်အောင်ဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စစ်ပွဲအတွင်းဖမ်းဆီးခံထားရတဲ့ ယူကရိန်းစစ်သားတွေကိုခေါ်ဆောင်လာတဲ့ လေယာဉ်ကို ယူကရိန်းဟာ အမေရိကန်နိုင်ငံကကူညီထားတဲ့ ပက်ထရီယော လေကြောင်းရန်ကာကွယ်ရေးစနစ်အသုံးပြုကာ ပစ်ချခဲ့ကြောင်း ရုရှားသမ္မတကပြောပါတယ်။
ရုရှားသမ္မတပူတင်က "ယူကရိန်းဟာ အမေရိကန်ထုတ် ပက်ထရီယော့ ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်။ ရုရှားတပ်ဖွဲ့ဝင်တွေဟာ လေယာဉ်ပျက်ကျခဲ့တဲ့နေရာဝန်းကျင်မှာ ပက်ထရီယော့ဒုံးကျည်တစ်စင်း ဒါမှမဟုတ် နှစ်စင်းရဲ့ အပျက်အစီးအပိုင်းအစတွေ တွေ့မြင်ခဲ့တယ်" လို့ ပြောပါတယ်။
အဆိုပါ ပျက်ကျခဲ့တဲ့လေယာဉ် black boxes ကို လေ့လာစစ်ဆေးရာမှာ ယူကရိန်းစစ်သားတွေကိုခေါ်ဆောင်လာတဲ့ လေယာဉ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ချတယ်ဆိုတဲ့အချက်ကိုတွေ့မြင်ခဲ့ကြောင်းသိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းစစ်တပ်ဟာ ရုရှားလေယာဉ်မှာ ယူကရိန်းအကျဉ်းသားတွေ လိုက်ပါလာတဲ့အချက်ကိုသိရှိထားကြောင်း အစောပိုင်းကပြောခဲ့ဖူးပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ယူကရိန်း အကျဉ်းသားတွေခေါ်ဆောင်လာတဲ့ ရုရှားလေယာဉ် ပစ်ချခံရမှုကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာဆိုရင် ၂ နှစ်ပြည့်မြောက်ပြီဖြစ်ပြီး အပြန်အလှန်တိုက်ခိုက်နေဆဲဖြစ်ရာငြိမ်းချမ်းရေးဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပြောင်းအလဲအပါအဝင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အစားထိုးခန့်အပ်မှုများကို နစကပြုလုပ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း