အမေရိကန်မှာ ဆစ်ဖလစ်ရောဂါဖြစ်ပွားမှု နှစ်ပေါင်း ၇၀ ကျော်အတွင်း အမြင့်ဆုံးအဆင့်ထိ မြင့်တက်လာ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁
ပြင်းထန် လိင်မှတဆင့်ကူးစက်တတ်တဲ့ (STD) ဆစ်ဖလစ်ရောဂါကူးစက်မှုဟာ အမေရိကန်မှာ တစ်ဟုန်ထိုး မြင့်တက်လာပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်း မတွေ့ဖူးတဲ့ အမြင့်ဆုံး အဆင့်ထိ ရှိလာခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ကထက် ကူးစက်မှုနှုန်း ၁၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာများ (CDC) မှ ဇန်နဝါရီလ ၃၀ ရက်က ပြောကြားချက်အရ သိရပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုခန့်က နှစ်စဉ်ဖြစ်ပွားမှု ၃၀,၀၀၀ အထက်သာရှိခဲ့ပါတယ်။
ဒေသတွင်း ပြည်သူ့ကျန်းမာရေးအေဂျင်စီတွေကို ရန်ပုံငွေဖြတ်တောက်မှုတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု၊ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတို့ကြောင့် ဆစ်ဖလစ်ဖြစ်ပွားမှုနှုန်း နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံး ဖြစ်လာရခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။
ဆစ်ဖလစ် ကူးစက်ရောဂါဟာ လူခန္ဓာကိုယ်မှာ အတော်ကြာ မြုံနေနိုင်ပြီး မျက်စိကွယ်ခြင်း၊ သေဆုံးခြင်း အပါအဝင် ဆေးဘက်ဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကူးစက်ခံရရင် သန္ဓေသားနဲ့ ကလေးငယ်ဆီ ကူးစက်နိုင်ပြီး သေစေနိုင်ပါတယ်။
CDC အချက်အလက်အရ ၂၀၂၂ ခုနှစ်မှာ မွေးရာပါ ဆစ်ဖလစ်ကြောင့် မွေးကင်းစ ကလေးငယ် ၅၁ ဦးအပါအဝင် ကလေး ၂၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆစ်ဖလစ်ကို ကုသနိုင်တဲ့ အကောင်းဆုံးဆေးဟာ Pfizer၊ Bicillin L-A အမှတ်တံဆိပ်အောက် ရောင်းချတဲ့ Penicillin G benzathine ဖြစ်ပြီး ဝယ်လိုအားများတာကြောင့် ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက ရှားပါးနေပါတယ်။ Pfizer ကလည်း ထုတ်လုပ်မှုကို တိုးမြှင့်ထားတာကြောင့် လာမယ့် ဇွန်လမှာ ရောင်းလိုအား ပုံမှန်ပြန်ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တတစ်ပတ်အလိုမှာ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနဲ့ဇနီးဖြစ်သူတို့ နိုင်ငံရေးလှုပ်ရှားခွင့် ၁ဝ နှစ် ပိတ်ပင်ခံရ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ