အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့် အထက်တန်းကျောင်းတို့တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းနေရာ (၂ဝဝ) လိုအပ်နေ
စော (NSS) - ဇန်နဝါရီ ၃၁
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက အစိုးရနည်းပညာကောလိပ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့်ဌာနတို့တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းနေရာ (၂ဝဝ)ကို ခေါ်ယူနေကြောင်း သိရသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက ယနေ့(ဇန်နဝါရီလ ၃၁ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါဌာနက စာရင်းကိုင်(၄) ရာထူးအတွက် (၅၀)ဦး၊ အငယ်တန်းစာရေးရာထူး (၈၀)ဦး၊ ရုံးအကူရာထူးအတွက် (၄၀)ဦး၊ အစောင့်ရာထူးအတွက် (၁၅)ဦးနှင့် သန့်ရှင်းရေးအကူ (၁၅)ဦး စုစုပေါင်း (၂၀၀)ဦးကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လုပ်ငန်းလိုအပ်ချက်အရ တိုင်းရင်းသားဒေသခံများကို ဦးစားပေး ခန့်အပ်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ဆိုသည်။
လျှောက်လွှာများကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ website www.dtvet.gov.mm တွင် downloadလုပ်၍ လည်းကောင်း၊ နီးစပ်ရာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့် ဌာနတို့တွင် ထုတ်ယူနိုင်ပြီး ဖေဖော်ဝါရီလ ၁၃ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ ဘာသာရပ်များကို ရေးဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ရုံးအကူရာထူး၊ အစောင့်ရာထူးနှင့် သန့်ရှင်းရေးအကူရာထူးနေရာများအတွက် လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားနိုင်ငံအနီးရှိ ရေပြင်တွင် အမေရိကန်၏ F-16 တိုက်လေယာဉ်တစ်စင်း ထပ်မံပျက်ကျ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း