မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်သောမိတ်ဆွေများနှင့် ပူးပေါင်းမည်ဟု SSPP/SSA ထုတ်ပြန်
သုတကျော် (NSS) - ဇန်နဝါရီ ၃၀
မျက်ကန်းမျိုးချစ်ဝါဒ နှင့် နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်သောမိတ်ဆွေများနှင့် ပူးပေါင်းမည် ဖြစ်ကြောင်း SSPP/SSA က ၎င်းတို့၏ ဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီမျက်နာစုံညီ ၂ဝ၂၃ နှစ်ချုပ်အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ခဲ့သည့် ဗဟိုကော်မတီမျက်နာစုံညီ ၂ဝ၂၃ နှစ်ချုပ်အစည်းအဝေး ကို ဇန်နဝါရီလ ၂ဝ ရက်မှ ၂၉ ရက် အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးမှ SSPP ၏ အထွေထွေလုပ်ငန်းစဉ်၌ ချမှတ်ထားသော မူဝါဒအတိုင်း အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒတို့ကို ဆန့်ကျင်ပြီး တန်းတူရေး နှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို အခြေခံသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် အေးချမ်းသာယာပြီး ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သော ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စု တည်ဆောက်နိုင်မည်ဖြစ်သဖြင့် အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ ကျဥ်းမြောင်းသောအမြင်ရှိသည့် မျက်ကမ်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းချီတက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မူးယစ်ဆေးဝါးအန္တရာယ်ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း တဆင့်တိုးပြီး စီမံချက် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ကျားဖျန့်လုပ်ငန်း (သို့မဟုတ်) အွန်လိုင်းငွေကြေးလိမ်လည်သည့်လုပ်ငန်းများကိုလည်း ဖော်ထုတ်တားဆီးနှိမ်နင်းပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်အပ်နှံခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
နယ်မြေဒေသတည်ငြိမ်ရေးကို ဆက်လက်ကာကွယ်ထိန်းသိမ်းပြီး ဒေသဖွံ့ဖြိုးရေးဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး စသည်တို့အပြင် ဒေသတွင်းလူနေမှုဘဝမြှင့်တင်ရေး၊ စားဝတ်နေရေးချောင်လည်စေရန် တတ်နိုင်သည့်ဘက်က ကူညီပံ့ပိုးခြင်း၊ အကာအကွယ်ပေးခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံမှာ ကျောင်းသားတစ်ဦးက အတန်းဖော်တစ်ဦးကို ဓားနဲ့ထိုးသတ်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ