ထိုင်းနိုင်ငံမှာ ကျောင်းသားတစ်ဦးက အတန်းဖော်တစ်ဦးကို ဓားနဲ့ထိုးသတ်မှုဖြစ်ပွား
ရောင်နီ (NSS) - ဇန်နဝါရီ ၃၀
ထိုင်းနိုင်ငံမှာ အဋ္ဌမတန်း ကျောင်းသားတစ်ဦးဟာ ဇန်နဝါရီ ၂၉ ရက် (တနင်္လာနေ့) နံနက်က အတန်းဖော်တစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံ မြို့တော်ရှိ ရဲတပ်ဖွဲ့နဲ့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
Nak Nava Upatham ကျောင်းမှာ ဇန်နဝါရီ ၂၉ ရက် (တနင်္လာနေ့)၊ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဓားထိုးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့က အတန်းအားလုံးဖျက်သိမ်းပြီး ကျောင်းပိတ်လိုက်ရပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူရဲ့အတန်းဖော်တွေနဲ့ တိုက်ခိုက်သူဟာ အဲဒီနေ့ နံနက်က နိုင်ငံတော် သီချင်းသီဆိုပြီးနောက် ဒုတိယထပ်ရှိ စာသင်ခန်းဆီ သွားရောက်နေစဉ် အသတ်ခံရတဲ့ ကျောင်းသားက တိုက်ခိုက်သူကို စနောက်အနိုင်ကျင့်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် အနေအေးတယ်လို့ အားလုံးက ဆိုကြတဲ့ တိုက်ခိုက်သူက သစ်သီးလှီးတဲ့ဓားကိုယူကာ သေဆုံးသူရဲ့လည်ပင်းကို ဓားနဲ့ထိုးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ကလေးဟာ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ လည်ပင်းညာဘက်ခြမ်းကို ထပ်မံ ဓားနဲ့ ထိုးတာကြောင့်လဲကျသေဆုံးခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်သူ ကျောင်းသားဟာ မူလအနေအေးသူဖြစ်ပြီး၊ သူ့ကိုအခြားကျောင်းသားတွေက စနောက်ကဲ့ရဲ့တတ်ကြတယ်လို့ ကျောင်းဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ယင်းနောက် ကျူးလွန်သူ ကျောင်းသားကို စစ်ဆေးမေးမြန်းဖို့ Klong Tan ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်ချုပ်မှူးကြီးကို ထောက်ခံပွဲကျင်းပမယ့် NUG ဘက်တော်သားများ၊ မြန်မာမှာ ခရစ်ယာန်ဘာသာဝင်တွေကို ခွဲခြားဖိနှိပ်မှုတွေလုပ်တယ်လို့ စွပ်စွဲတဲ့ အမေရိကန်၊ အနုပညာလုပ်သားတွေ အကယ်ဒမီပေးပွဲကို တက်ကြမှာလား (၃ဝ-၁-၂ဝ၂၄)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း