ပြည်ပကြွေးမြီးများက အမေရိကန်စီးပွားရေးကို ဖျက်ဆီးပစ်လိမ့်မည်ဖြစ်ကြောင်း JP Morgan ကုမ္ပဏီအကြီးအကဲပြော
Pika (NSS) - ဇန်နဝါရီ ၃ဝ
အမေရိကန်နိုင်ငံ၏ ပြည်ပကြွေးမြီးများ ဆက်လက်မြင့်တက်လာမှုနှင့်အတူ နိုင်ငံစီးပွားရေးသည် ပျက်စီးမှုများဆီ သို့ ဦးတည်သွားနေကြောင်း JPMorgan ကုမ္ပဏီစီအီးအိုJamie Dimon က ပြောကြားခဲ့သည်။
Jamie Dimon သည် Fox News ချန်နယ် နှင့် အင်တာဗျူးတစ်ခုတွင် ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြည်ပကြွေးမြီးများမြင့်တက်လာမှုကြောင့် ကြီးမားသောစီးပွားရေးအကျပ်အတည်း နှင့် မတွေ့ကြုံမီ အမေရိကန် အစိုးရအနေဖြင့် လက်ရှိအခြေအနေများကို ချက်ချင်းကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း Jamie Dimon က ပြော ကြားခဲ့သည်။
"ဒါက ချောက်ကမ်းပါးတစ်ခုဖြစ်ပြီး ကြီးမားတဲ့ချောက်နက်ကြီးတစ်ခုကို ကျွန်တော်တို့ မြင်နေ ရပါတယ်။ ကျွန်တော်တို့က အဲဒီချောက်ကမ်းပါးဆီကို တစ်နာရီမိုင်(၆ဝ)နှုန်း နဲ့ သွားနေပါတယ်" ဟု Jamie Dimon က ပြောခဲ့သည်။
အမေရိကန်နိုင်ငံ၏ ပြည်ပကြွေးမြီးမြင့်တက်လာမှုမှာ ကြုံတွေ့ဖူးသမျှအကျပ်အတည်းအားလုံးထဲတွင် ကြိုတင် ခန့်မှန်းမှုများ အလုပ်ဆောင်နိုင်ဆုံး အကျပ်အတည်းတစ်ခုဖြစ်သည်ဟု ပြောဆိုခဲ့သော အောက်လွှတ်တော်ဥက္ကဋ္ဌ ဟောင်း ပေါလ်ရွိုင်ယန်၏ အမြင်ကို Jamie Dimon က သဘောတူညီခဲ့ကြောင်းလည်း သိရသည်။
နှစ်ပါတီမူဝါဒစင်တာတွင် ပြုလုပ်သောဆွေးနွေးပွဲအတွင်း ပေါလ်ရွိုင်ယန်နှင့် Jamie Dimon တို့က ယခုကဲ့သို့ သတိပေးပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်တွင် အမေရိကန်အစိုးရ၏ ပြည်ပ ကြွေးမြီးသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ(၃၄)ထရီလီယံထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
၂ဝ၂၃ ခုနှစ် တစ်နှစ်အတွင်းတွင်ပင် အမေရိကန်အစိုးရ၏ ပြည်ပကြွေးမြီးမှာ အမေရိကန်ဒေါ်လာ(၄)ထရီလီယံ ကျော်ထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၏ စုစုပေါင်း ပြည်ပကြွေးမြီးသည် တရုတ်၊ ဂျာမနီ၊ ဂျပန်၊ အိန္ဒိယ နှင့် ဗြိတိန်နိုင်ငံတို့၏ ပေါင်းစပ်ထားသော စီးပွားရေးနှင့်ညီမျှကြောင်း နယူးယောက်မြို့ရှိ ဘက်မလိုက်သော ဘဏ္ဍာရေးမူဝါဒအုပ်စု Peter G. Peterson Foundation က ထောက်ပြပြောထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမယ့် စင်တာ တည်ထောင်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သဘောတူ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ