တရုတ်အစိုးရက ဖိလစ်ပိုင်နိုင်ငံကို အငြင်းပွားကျွန်းပေါ်တွင်ရှိသော ၎င်း၏တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခွင့်ပြု
Pika (NSS) - ဇန်နဝါရီ ၂၉
တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားမှုများဖြစ်ပွားနေသောကျွန်းတွင် သောင်တင်နေသည့် ဒုတိယကမ္ဘာ စစ်ခေတ်သင်္ဘောပေါ်မှာ တပ်စွဲထားသော ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များကို ထောက်ပံ့ရေးပစ္စည်းများ ပေးပို့မှုအား ခွင့်ပြုရန် ဖိလစ်ပိုင်အစိုးရအတွက် ယာယီအစီအစဉ်တစ်ခုကို ပြုလုပ်ထားကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ကျွန်းနှင့် (၁၉ဝ)ကီလိုမီတာအကွာတွင်ရှိသော Second Thomas Shoal ကျွန်းပေါ်ရှိ တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့နေသည့် ဖိလစ်ပိုင်၏ မစ်ရှင်များကို တားဆီးရန်အတွက် သင်္ဘောများကို ယခင်တည်းကဖြန့်ကျက်ချထားခဲ့ကြောင်းလည်း သိရသည်။
"ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ကျွန်တော်တို့ ပေးပို့ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း Second Thomas Shoal ကျွန်း အပါအဝင် အခြားရေပိုင်နက်တွေမှာ တရုတ်ရဲ့ အချုပ်အခြာအာဏာ၊ ရေကြောင်း ဆိုင်ရာအခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို ပြတ်ပြတ်သားသားကာကွယ်သွားမှာပါ။ ဇန်နဝါရီလ(၂၁)ရက်မှာ ဖိလစ်ပိုင်လေယာဉ်ငယ်တစ်စင်းဟာ Second Thomas Shoal ကျွန်းမှာ သောင်တင်နေတဲ့စစ်သင်္ဘောဆီကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ခဲ့ပါတယ်။ အခြေအနေတွေနဲ့ အချိန်အခါတွေကို ကျွန်တော်တို့ သေချာ လိုက်လံစစ်ဆေးစောင့်ကြည့်ခဲ့ပြီး ဥပဒေ၊စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။ ပြီးတော့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့နေ့စဉ်ထောက်ပံ့မှုတွေကိုခွင့်ပြုဖို့ ယာယီအစီအစဉ်တွေလည်း ပြုလုပ်ခဲ့ပါတယ်" ဟု တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောခဲ့သည်။
ထို့အပြင် ဖိလစ်ပိုင်ဖက်မှကတိပေးထားသည့်အတိုင်း အဆိုပါစစ်သင်္ဘောကို ဆွဲထုတ်ရန် တရုတ်ဖက်က အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပကြွေးမြီးများက အမေရိကန်စီးပွားရေးကို ဖျက်ဆီးပစ်လိမ့်မည်ဖြစ်ကြောင်း JP Morgan ကုမ္ပဏီအကြီးအကဲပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ