အစ္စရေးထောက်လှမ်းရေး စစ်ဆင်ရေးနှင့်ဆက်နွယ်နေသူ လူ(၄)ဦးကို အီရန်အစိုးရ ကွပ်မျက်
Pika (NSS) - ဇန်နဝါရီ ၂၉
အီရန်အစိုးရသည် အစ္စရေးထောက်လှမ်းရေးစစ်ဆင်ရေးနှင့် ဆက်နွယ်နေသော လူ(၄)ဦးကို ဇန်နဝါရီလ(၂၉)ရက် တွင် သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
အီရန်တရားရုံးချုပ်သည် အဆိုပါလူ(၄)ဦး၏ အယူခံဝင်မှုကို ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့ သေဒဏ်ချမှတ်လိုက် ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ ၎င်းတို့(၄)ဦးသည် အီရန်ကာကွယ်ရေးဝန်ကြီးဌာန အတွက် စက်ပစ္စည်းများထုတ်လုပ်ပေးသည့် Isfahan မြို့အခြေစိုက်စက်ရုံတစ်ခုတွင် ဗုံးခွဲမှုများလုပ်ဆောင်ရန် အတွက် အီရတ်နိုင်ငံ ကာဒစ်စတန်ဒေသမှ အီရန်ပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲခံထားရ သူများဖြစ်ကြောင်းလည်း သိရသည်။
၎င်းတို့(၄)ဦးသည် အစ္စရေးထောက်လှမ်းရေးအေဂျင်စီ မော့ဆတ်ကိုယ်စား အဆိုပါစစ်ဆင်ရေးကို ၂ဝ၂၂ ခုနှစ် နွေရာသီကာလတွင် လုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့သော်လည်း အီရန်ထောက်လှမ်းရေးအေဂျင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာများအရ သိရသည်။
အီရန် နှင့် အစ္စရေးတို့သည် ရန်ဘက်နိုင်ငံများအဖြစ် ကာလရှည်ကြာစွာတည်ရှိနေခဲ့ပြီး လက်ရှိအချိန်တွင် အီရန်၏ နျူကလီးယားအစီအစဉ်များနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား တင်းမာမှုများမြင့်တက်နေကြောင်းလည်း သိရသည်။
အီရန်နိုင်ငံသည် အစ္စရေးကို တိုက်ခိုက်နေသော စစ်သွေးကြွအဖွဲ့များ၏ တိုက်ခိုက်မှုများကို ကျောထောက်နောက်ခံ ပြုပေးနေခြင်းဖြစ်ကြောင်း အစ္စရေးဖက်က စွပ်စွဲပြောဆိုထားသည်။ ထို့အပြင် အစ္စရေးအစိုးရသည် အီရန် အရာရှိများ နှင့် သိပ္ပံပညာရှင် အများအပြားကိုသတ်ဖြတ်ခဲ့ကြောင်း အီရန်ဖက်က ပြန်လည်စွပ်စွဲပြောဆိုထားသည်။ သို့သော်လည်း အီရန်အစိုးရ၏ စွပ်စွဲပြောဆိုချက်များကို အစ္စရေးဖက်က အတည်ပြုခြင်းမရှိသလို ငြင်းဆိုခြင်း မျိုးလည်း မရှိခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်အစိုးရက ဖိလစ်ပိုင်နိုင်ငံကို အငြင်းပွားကျွန်းပေါ်တွင်ရှိသော ၎င်း၏တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခွင့်ပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ