နေတိုးအဖွဲ့က အမေရိကန်နိုင်ငံကို ကာကွယ်ပေးလိမ့်မည်မဟုတ်ကြောင်း သမ္မတဟောင်းဒေါ်နယ်ထရမ့် ဝေဖန်
Pika (NSS) - ဇန်နဝါရီ ၂၉
အမေရိကန်နိုင်ငံ တိုက်ခိုက်ခံရမည်ဆိုပါက နေတိုးအဖွဲ့က လာရောက်ကူညီပေးမည်မဟုတ်ကြောင်း အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဇန်နဝါရီလက(၂၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့ပြီး နေတိုးအဖွဲ့ကို ပြစ်တင်ဝေဖန်မှုများအား ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
နေတိုးအဖွဲ့၏ တရားဝင်ဖော်ပြထားသော စာတမ်းအပိုဒ်(၅)အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ခြင်းသည် တစ်ဖွဲ့လုံးကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယူဆသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ သို့သော်လည်း အမေရိကန် နိုင်ငံကို ကာကွယ်ရန်အတွက် မဟာမိတ်နိုင်ငံများကို အားကိုးနေမည်မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။
ဒေါ်နယ်ထရမ့် က "နေတိုးအဖွဲ့အတွက် ကျွန်တော်တို့ပေးနေတာတွေ ရှိပေမယ့် ပြန်ရတာမျိုးတွေတော့ အများကြီး မရှိပါဘူး။ ကျွန်တော် နေတိုးအဖွဲ့အကြောင်းကို ပြောရတာမုန်းတယ်ဆိုတာ အားလုံးသိကြမှာပါ။ အမေရိကန်နိုင်ငံ တိုက်ခိုက်ခံရတာဖြစ်ဖြစ် သူတို့ရဲ့အကူအညီကို လိုအပ်တာပဲဖြစ်ဖြစ် နေတိုးအဖွဲ့ဟာ လာရောက်ကူညီပေးမယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ ဘယ်သူတွေက ဘယ်လိုဆိုတာကို ကျွန်တော်သိပါတယ်" ဟု ပြောခဲ့သည်။
ရုရှားနှင့်ပဋိပက္ခအတွင်း ယူကရိန်းသို့ စစ်ရေးအကူအညီများ ကူညီပံ့ပိုးပေးခဲ့ခြင်းအတွက် အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ကို ဒေါ်နယ်ထရမ့်က ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။ ဒေါ်နယ်ထရမ့် က "ကျွန်တော် တို့ကိုယ်တိုင်အတွက်တောင် ခဲယမ်းမီးကျည်မလုံလောက်ပါဘူး။ အဲဒါကို ဂျိုးဘိုင်ဒန်က ယူကရိန်းကို အများကြီး ကူညီထောက်ပံ့ပေးခဲ့ပါတယ်" ဟု ပြစ်တင်ပြောခဲ့သည်။
ထို့အပြင် ၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးချယ်ခံရမည်ဆိုပါက ရုရှား-ယူကရိန်းပဋိပက္ခကို (၂၄)နာရီအတွင်း အဆုံးသတ်စေရန်အတွက် ဖြေရှင်းပေးနိုင်ကြောင်း ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ကတိပြု ပြောခဲ့သည်။ သို့သော်လည်း ဒေါ်နယ်ထရမ့်၏ပြောဆိုချက်များမှာ လက်တွေ့မကျကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး က ပြန်လည်တုံ့ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျာမနီနိုင်ငံသားများက ကိုယ်ပိုင်ဗုံးခိုကျင်းများ တည်ဆောက်မည်ဟု မျှော်လင့်ရကြောင်း Bild သတင်းစာဖော်ပြ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ