ဂျာမနီနိုင်ငံသားများက ကိုယ်ပိုင်ဗုံးခိုကျင်းများ တည်ဆောက်မည်ဟု မျှော်လင့်ရကြောင်း Bild သတင်းစာဖော်ပြ
Pearl (NSS) - ဇန်နဝါရီ ၂၉
ဥရောပတွင် စစ်ပွဲကြီးဖြစ်ပွားလာမည်ဆိုပါက ဂျာမနီနိုင်ငံသားများသည် ၎င်းတို့၏ နေအိမ်များကို ဗုံးခိုကျင်းများ အဖြစ် ပြောင်းလဲပစ်မည်ဟု မျှော်လင့်ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းများကို ကိုးကားပြီး Bild သတင်းစာက ဖော်ပြခဲ့သည်။
ထို့အပြင် ဂျာမနီနိုင်ငံတွင် လျှပ်စစ်ဓါတ်အားပေးစက်ရုံများကို ကာကွယ်ခြင်း အပါအဝင် စစ်တပ် နှင့် ရဲတပ်ဖွဲ့တို့ကို ချထားပေးလေ့ရှိသော တာဝန်အချို့ကိုထမ်းဆောင်ရန်အတွက် အရပ်သားပြည်သူများကို အကူအညီတောင်းဆိုနိုင် ဖွယ်ရှိနေကြောင်း သိရသည်။
ဂျာမနီနိုင်ငံတွင် ဗုံးခွဲကျင်း(၅၇၉)ခုသာရှိသည့်အတွက် ပြည်သူများသည် မြေအောက်ခန်း နှင့် ကားဂိုဒေါင်ကဲ့သို့ သောနေရာများတွင် ၎င်းတို့ ကိုယ်ပိုင်ဗုံးခိုကျင်းများကို တည်ဆောက်နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ အချိန်ကန့်သတ်ချက်များရှိသောကြောင့် ဗုံးခိုကျင်းအသစ်များကို ဆောက်လုပ်ရန်မှာ မဖြစ်နိုင်တော့ကြောင်း Federal Office of Civil Protection and Disaster Assistance ရုံးအကြီးအကဲ Ralph Tiesler ၏ ပြောကြားချက် ကို ကိုးကားပြီး Bild သတင်းစာက ဖော်ပြခဲ့သည်။
ရုရှား-ယူကရိန်းပဋိပက္ခဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ ထွက်ပေါ်လာသောခြိမ်းခြောက်မှုများကြောင့် ဂျာမနီနိုင်ငံ သည် ၎င်း၏ စစ်တပ်ကို ပိုမိုအင်အားမြှင့်တင်နိုင်ရန်အတွက် နည်းလမ်းများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ဂျာမနီအစိုးရသည် ၎င်း၏ စစ်တပ်အရွယ်အစားကို စစ်သား(၁၈၃ဝဝဝ) မှ ၂ဝ၃၁ ခုနှစ်တွင် (၂ဝ၃ဝဝဝ) သို့ တိုးမြှင့်နိုင်ရန် စီစဉ်ခဲ့ကြောင်းလည်း သိရသည်။
ရုရှားနိုင်ငံသည် ဂျာမနီနိုင်ငံကို လာမည့်(၅)နှစ်မှ (၈)နှစ်အတွင်း တိုက်ခိုက်နိုင်ဖွယ်ရှိနေကြောင်း ဂျာမနီကာကွယ် ရေးဝန်ကြီး Boris Pistorius က ယခုလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော်လည်း Boris Pistorius သည် နောက်ပိုင်းတွင် ၎င်း၏ အကဲဖြတ်ပြောဆိုချက်များကို အနည်းငယ်ပြန်လည်ပြင်ဆင်ခဲ့ကြောင်းလည်း သိရသည်။
Boris Pistorius က "ဒီအချိန်အထိတော့ ရုရှားနိုင်ငံဟာ နေတိုးအဖွဲ့ ဒါမှမဟုတ် နေတိုးရဲ့မိတ်ဖက်နိုင်ငံတွေကို တိုက်ခိုက်မယ့်အလားအလာတွေ ကျွန်တော်မမြင်မိသေးပါဘူး" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၂၈ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ