အစ္စရေးက လက်ဘနွန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း မီဒီယာများ ဖော်ပြ
Pika (NSS) - ဇန်နဝါရီ ၂၈
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ရန် အတွက် စစ်ပွဲတစ်ခုကိုစတင်ရန် ပြင်ဆင်နေကြောင်း လက်ဘနွန်ရုပ်သံမီဒီယာ LBCI က ဇန်နဝါရီလ(၂၇)ရက်တွင် ဖော်ပြခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားနေချိန်အတွင်း လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့သည် အစ္စရေးပစ်မှတ်များကို ဒုံးကျည်များ၊ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် အစ္စရေးစစ်တပ်သည် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်တုံ့ပြန်တိုက်ခိုက်မှု များ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအစီအစဉ်များနှင့်ပတ်သက်သည့် ထောက်လှမ်းရေးအစီရင်ခံစာများကို အမည်မဖော်လိုသော အာရပ်နိုင်ငံတစ်ခုက ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း LBCI က ဖော်ပြခဲ့သည်။
အစ္စရေး၏ အလားအလာရှိသော ကျူးကျော်တိုက်ခိုက်မှုများက ဟစ်ဘိုလာလက်နက်ကိုင်တပ်ဖွဲ့ကို ၂ဝဝ၆ ခုနှစ် တွင်ဖြစ်ပွားခဲ့သော အစ္စရေး-လက်ဘနွန်စစ်ပွဲအပြီး လက်ခံကျင့်သုံးခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးဆုံးဖြတ်ချက် (၁၇ဝ၁) ကို လိုက်နာရန်အတွက် တွန်းအားပေးနိုင်ရန် ရည်ရွယ်ထားခြင်းမျိုးဖြစ်ကြောင်း LBCI က ရေးသားဖော်ပြ ခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးဆုံးဖြတ်ချက်စာတမ်းသည် အစ္စရေး-လက်ဘနွန်နယ်စပ်တစ်လျှောက်တွင် စစ်မဲ့ဇုန်ဖန်တီးနိုင် ရန်အတွက် အထောက်အကူဖြစ်စေခဲ့ကြောင်းလည်း သိရသည်။ မကြာသေးမီက လုပ်ဆောင်ခဲ့သော အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ဘေရွတ်မြို့တွင် ဟားမက်လက်နက်ကိုင်အဖွဲ့ လက်ထောက်ခေါင်းဆောင် Saleh al-Arouri သေဆုံးခဲ့ပြီးနောက် အခြေအနေများမှာ ယခုလအတွင်း ပိုမိုဆိုးရွားလာခဲ့ကြောင်းလည်း သိရသည်။
အစ္စရေး နှင့် လက်ဘနွန်နိုင်ငံကြား ပဋိပက္ခဖြစ်ပွားလာနိုင်ခြေမှာ ယခင်အချိန်များထက် ပိုမိုမြင့်မားလာနေကြောင်း အစ္စရေးစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး Herzi Haleviက ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ဖော်ပြောခဲ့သည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများအတွက် အစ္စရေးစစ်တပ်မှာ အသင့်အနေအထားဖြင့် ရှိနေကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်သည် အစ္စရေး နှင့် လက်ဘနွန်နိုင်ငံကြား စစ်ပွဲဖြစ်ပွားလာမည် ကိုတားဆီးရန်အတွက် ယခုလအစောပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်လည်ပတ်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့က အမေရိကန်နိုင်ငံကို ကာကွယ်ပေးလိမ့်မည်မဟုတ်ကြောင်း သမ္မတဟောင်းဒေါ်နယ်ထရမ့် ဝေဖန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ