အနောက်အုပ်စုနိုင်ငံအတော်များများက ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီကို ရန်ပုံငွေထောက်ပံ့မှုများ ရပ်ဆိုင်း
Pika (NSS) - ဇန်နဝါရီ ၂၈
အနောက်အုပ်စုနိုင်ငံ အတော်များများသည် ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီသို့ ရန်ပုံငွေ ထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်က လုပ်ဆောင်ခဲ့ သော ဟားမက်လက်နက်ကိုင်အဖွဲ့၏ အစ္စရေးအပေါ်တိုက်ခိုက်မှုများအတွင်း UNRWA ၏ ဝန်ထမ်းအတော်များများ ပါဝင်ခဲ့ကြောင်း အစ္စရေးဖက်က စွပ်စွဲပြောဆိုခဲ့ပြီးနောက် ရန်ပုံငွေထောက်ပံ့မှုများကို ယခုကဲ့သို့ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဖင်လန် နှင့် ဩစတြေးလျတို့သည် UNRWA သို့ ရန်ပုံငွေထောက်ပံ့မှုများကို ဇန်နဝါရီလ(၂၇)ရက်မှစတင်ကာ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရိုက်တာ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီသည် ၎င်း၏ ဝန်ထမ်းအချို့ကို ထုတ်ပယ်ခဲ့ပြီး ဟားမက် လက်နက်ကိုင်အဖွဲ့နှင့် ၎င်းတို့၏ ဆက်နွယ်မှုများအပေါ် စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ပြီးနောက် ရန်ပုံငွေထောက်ပံ့မှုရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီ ကော်မရှင်နာချုပ် Philippe Lazzarini က "ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်က လုပ်ဆောင်ခဲ့တဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုအတွင်း UNRWA ရဲ့ ဝန်ထမ်းအများအပြား ပါဝင်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို အစ္စရေး အာဏာပိုင်တွေက ပေးပို့ခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုမှာ ပါဝင်ခဲ့တဲ့ UNRWA ဝန်ထမ်းတွေတိုင်းကို ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုခြင်းတွေ အပါအဝင် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် အစ္စရေးအစိုးရ၏ ကုလသမဂ္ဂ အမှုထမ်းများအပေါ် စွပ်စွဲပြောဆိုချက်များကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရကြောင်း ၎င်း၏ ရုံးက ပြောကြားခဲ့ သည်။ အဆိုပါရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းလိုက်ခြင်းသည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို အမိုးအကာများ နှင့် အစားအစာများ ထောက်ပံ့ပေးနေသည့် အေဂျင်စီအတွက် များစွာလိုအပ်နေသော အကူအညီများနှင့်ပတ်သက်ပြီး အမေရိကန်ဒေါ်လာ သန်းရာချီထိခိုက်မှုများ ရှိလာနိုင်ကြောင်းသိရသည်။
ထို့အပြင် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေချိန်အတွင်း ရန်ပုံငွေထောက်ပံ့မှု ခေတ္တရပ်ဆိုင်းရန် ရွေးချယ်ထားသော အစိုးရများကို Philippe Lazzarini က ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။ အဆိုပါလုပ်ရပ်များမှာ ဒေသ တွင်းရှိ ကုလသမဂ္ဂအေဂျင်စီ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို ခြိမ်းခြောက်နေ ကြောင်း ၎င်းက သတိပေးပြောခဲ့သည်။
၎င်းက"ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်းလူမျိုးတွေဟာ နောက်ထပ်ပြစ်ဒဏ်တွေကို ခံယူဖို့ မလိုအပ်တော့ပါဘူး။ ဒါက ကျွန်တော်တို့အတွက် အစွန်းအထင်းတစ်ခုဖြစ်လာနိုင်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးက လက်ဘနွန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း မီဒီယာများ ဖော်ပြ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ