ဘာစီလိုနာအသင်းနည်းပြအဖြစ်မှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း နည်းပြဇာဗီ ထုတ်ဖော်ပြောဆို
Pika (NSS) - ဇန်နဝါရီ ၂၈
ဘာစီလိုနာအသင်းနည်းပြဇာဗီက ၎င်းသည် လက်ရှိရာသီကုန်တွင် အသင်းနည်းပြအဖြစ်မှ နှုတ်ထွက်တော့မည်ဖြစ် ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အတည်ပြုခဲ့သည်။
ဘာစီလိုနာအသင်းသည် ဗီလာရီးရဲလ်အသင်းနှင့်ကစားခဲ့သော လာလီဂါပွဲစဉ်တွင် (၅)ဂိုး-(၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဇာဗီက ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
နည်းပြဇာဗီက "လာမည့်ဇွန်လမှာ ဘာစီလိုနာအသင်းနည်းပြအဖြစ်ကနေ ကျွန်တော်နှုတ်ထွက်ပါတော့မယ်။ ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အချိန်တော်ပါပြီ။ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့အချိန်တန်ပြီလို့ ကျွန်တော် ထင်ပါတယ်။ အသင်းဘုတ်အဖွဲ့တွေနဲ့ ဒီနေ့မှာပဲ ကျွန်တော်စကားပြောခဲ့ပြီးပါပြီ။ လာမယ့် ဇွန်လ(၃၀)ရက်မှာ အသင်းကနေ ထွက်ခွာသွားမှာပါ။ ဒီဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဆုံးဖြတ်ခဲ့ပေမယ့် လူသိရှင်ကြား ထုတ်ပြောဖို့ အချိန်ကျပါပြီ။ ဒီအချိန်မှာ အသင်းအတွက် အကောင်းဆုံးတွေးပေးနိုင်တာကတော့ ဇွန်လမှာ ထွက်ခွာသွားဖို့ပါပဲ။ ထွက်ခွာဖို့အတွက် ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာနဲ့ သဘောတူညီမှုရရှိပြီးပါပြီ။ ဒီဆုံးဖြတ်ချက်က အသင်းကို ပိုကောင်းအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီအချိန်က ထုတ်ဖော်ပြောဆိုချိန်တန်ပြီထင်လို့ ကျွန်တော်အခုလိုကြေညာတာပါ။ ကျွန်တော်ရဲ့ဆုံးဖြတ်ချက်က ငွေကြေး နောက်ကိုလိုက်တာမျိုးလည်း မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော့်ရဲ့စာချုပ်ကလည်း ဘယ်တော့မှပြဿနာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့နှလုံးသားနောက်ကိုလိုက်ပြီး ရွေးချယ်မှုတွေကို ကိုယ်တိုင် လုပ်ဆောင်ခဲ့တာပါ။ ဘယ်အရာကိုမှ ဒီထက်ပိုပြီး မလိုအပ်တော့ပါဘူး" ဟု ပြောခဲ့သည်။
ဘာစီလိုနာအသင်းသည် လက်ရှိအချိန်အထိ လာလီဂါ ပွဲစဉ်(၂၁)ပွဲကစားထားပြီး ရမှတ်(၄၄)မှတ်ဖြင့် အမှတ်ပေး ဇယားတွင် အဆင့်(၃)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်တွင် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း