တာချီလိတ်တွင် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၎င်းမူးယစ်ဆေးဝါးများကို ပြီးခဲ့သော ဇန်နဝါရီလ ၂၃ ရက်၊ ညနေ ၅ နာရီ ၃ဝ မိနစ်အချိန်တွင် တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်ရှိ နေအိမ်အတွင်းမှ အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရပ်ကွက်ရှိ စိုင်းဆွေဆိုင်း၏ နေအိမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၂)သိန်း၊ အိုက်စ် (မက်အဖက်တမင်း) ၂၃ ကီလို၊ ဘိန်းစိမ်း ၇၅ ကီလိုနှင့်အတူ TOYOTA LANDCRUISER PRADO ကားတစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အိုက်စ် (မက်အဖက်တမင်း)များကို ရှမ်းပြည်နယ်(တောင်းပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ လည်းကောင်း၊ ဘိန်းစိမ်းများကို မိုင်းပျဉ်းမြို့နယ်မှ လည်းကောင်း သယ်ဆောင်ကာ တာချီလိတ်မြို့နယ်တွင် ရောင်းဝယ်ခြင်းများ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းကို သက်ဆိုင်ရာမြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နဲ့အမေရိကန်တို့တွေ့ဆုံဆွေးနွေးပွဲအတွင်း ထိုင်ဝမ်၊ အီရန်အရေးအပြင် မြန်မာအရေးကိုလည်း ထည့်သွင်း ဆွေးနွေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း