လာအိုတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက ကိုယ်စားလှယ်တစ်ဦးစေလွှတ်မည်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံသည် လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ရန် နိုင်ငံရေးအရကိုယ်စားမပြုသောကိုယ်စားလှယ်တစ်ဦးကို စေလွှတ်သွားမည်ဖြစ်ကြောင်း အာဆီယံသံတမန်သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။
လာအိုနိုင်ငံသည် Luang Prabang မြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက်မှစတင်ပြီး နှစ်ရက်ကြာ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းကတည်းက SAC အဖွဲ့ခေါင်းဆောင် နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့သည် အာဆီယံထိပ်သီးအစည်း အဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများကို ကိုယ်တိုင်တက်ရောက်ခွင့်မရဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ စေလွှတ်ရန် ဖိတ်ကြားခံရကြောင်း သိရသည်။
လာအိုနိုင်ငံသည် ၂ဝ၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ရာ SAC အဖွဲ့နှင့် စေ့စပ် ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကိုက "အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို မြန်မာဘက်က တက်မယ့် တစ်ယောက်ရှိပါတယ်။ အစည်းအဝေးတော့ တက်သွားမယ်။ အဲဒီလောက်ပဲ ပြောလို့ရသေးတယ်" ဟု NP News သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသည် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အပါအဝင် အာဆီယံအဖွဲ့၏အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယခင်ကတက်ရောက်ခွင့်ရရှိခဲ့သော်လည်း ၂ဝ၂၁ ခုနှစ် အောက်တိုဘာလနောက်ပိုင်းတွင် အာဆီယံအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးအပြင် အခြားအဆင့်မြင့်အရာရှိကြီးများအစည်းဝေးများကို နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာတက်ရောက်ခွင့်ပေးခဲ့ကာ ဖိတ်ကြားခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံသည် ၂ဝ၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက် မြန်မာနိုင်ငံရေး အငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ကို ခန့်အပ်ခဲ့ကာ မြန်မာနိုင်ငံသို့ ဇန်နဝါရီလအစောပိုင်းတွင် စေလွှတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မရမ်းကုန်းမြို့နယ်တွင် ဆောက်လုပ်ဆဲ(၅)ထပ်တိုက်ပေါ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ