ထိပ်တိုက်ရင်သည့်နည်းလမ်းကို ရှောင်ရှားရန် NCA ရေးထိုးထားသော PNLO အဖွဲ့ကို နစက၏ NSPNC သတိပေးထုတ်ပြန်
မြူနစ် (NSS) - ဇန်နဝါရီ ၂၈
ထိပ်တိုက်ရင်သည့်နည်းလမ်းကို ရှောင်ရှားရန် NCA လက်မှတ်ရေးထိုးထားသော PNLO အဖွဲ့ကို နစက၏ NSPNC က သတိပေးထုတ်ပြန်လိုက်သည်။
နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) က ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ သတိပေးကာ သဘောထားထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သော ဇန်နဝါရီ ၂၁ ရက်တွင် ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ၌ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO) ယူနီဖောင်းဝတ်ဆင်သူများ သယ်ဆောင်လာသော တရားမဝင်လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ PNLO အနေဖြင့် လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်းသည် NCA ပါသဘောတူညီချက်များကို ဆန့်ကျင်ပြီး ဒေသတည်ငြိမ်းရေးကို ထိခိုက်စေသည့်အတွက် အလေးထားလိုက်နာရန်နှင့် ယင်းကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားရန် နစကဘက်က သတိပေးခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိတွင် PNLO အဖွဲ့သည် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဟူသော NCA ၏ အခြေခံမူကို မျက်ကွယ်ပြုကာ ပဋိပက္ခကို ဦးတည်သည့် သဘောထားရပ်တည်ချက်များ ရေးသားဖော်ပြလျက်ရှိနေ သည်ကို စိစစ်တွေ့ရှိရသည်ဟု NSPNC က ဆိုသည်။
ထို့ကြောင့် PNLO အဖွဲ့အနေဖြင့် နိုင်ငံရေးလိုလားချက်များကို တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့် NCA ကို အခြေခံ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အစိုးရနှင့်အတူ ဆက်လက်ဖော်ဆောင်ရန် NSPNC က အလေးအနက် တိုက်တွန်းထားသည်။
ထိပ်တိုက်ရင်သည့် နည်းလမ်းကို ရှောင်ဖယ်၍ မိမိတို့၏ သဘောထားဆန္ဒ၊ လိုလားချက်များကို ငြိမ်းချမ်းရေးစားပွဲ ဝိုင်း၌ တွေ့ဆုံဆွေးနွေးခြင်းသည်သာလျှင် လမ်းကြောင်းမှန်ဖြစ်သည်ဟုလည်း နစက၏ NSPNC က သဘောထား ကြေညာလိုက်သည်။
PNLO/PNLA အဖွဲ့သည် ပြီးခဲ့သော ဇန်နဝါရီ ၂၄ ရက်မှစတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း ၌ တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်နဲ့ ပါကစ္စတန်နယ်စပ်ဒေသမှာ အမည်မသိသေနတ်သမားအုပ်စုရဲ့ပစ်ခတ်မှုကြောင့် နိုင်ငံခြားသား ၉ ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ