ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တရုတ်သမ္မတရှီကျင့်ဖျင်အား ယူကရိန်းအစိုးရဖိတ်ကြား
Pika (NSS) - ဇန်နဝါရီ ၂၇
ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပရန်စီစဉ်ထားသော ကမ္ဘာ့ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တရုတ်သမ္မတရှီကျင့်ဖျင်အား ယူကရိန်းအစိုးရက ဖိတ်ကြားခဲ့ကြောင်း သမ္မတဇီလန်စကီး၏ ထိပ်တန်းသံတမန်ရေးရာအကြံပေးဖြစ်သူက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့် နီးကပ်သောဆက်ဆံရေးများရှိပြီး ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချရန် အနောက်အုပ်စုနိုင်ငံများ၏ တောင်းဆိုမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။
သမ္မတဇီလန်စကီး၏ ထိပ်တန်းသံတမန်ရေးရာအကြံပေးဖြစ်သူ Ihor Zhovkva က"ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကို ကျွန်တော်တို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီထိပ်သီးအစည်းအဝေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်တက်ရောက်မှုက ကျွန်တော်တို့အတွက် အလွန်အရေးကြီးပြီး တရုတ်ဘက်နဲ့ လက်တွဲဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီထိပ်သီးအစည်းအဝေးမှာ ပါဝင်တာက ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့အချက်ကို တရုတ်ဘက်ကိုအသိပေးဖို့အတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု ပြောဆိုခဲ့သည်။
ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ခြင်းသည် ရုရှား၏ ကိုယ်ပိုင်လုံခြုံရေးကို ကာကွယ်ရန်အတွက်သာဖြစ် ကြောင်း သမ္မတပူတင်ကပြောဆိုခဲ့သော်လည်း အဆိုပါတိုက်ခိုက်မှုသည် ကျူးကျော်စစ်ပွဲတစ်ခုဖြစ်သလို နယ်မြေသိမ်းပိုက်မှုတစ်ခုဖြစ်ကြောင်း ယူကရိန်းနှင့်အနောက်အုပ်စုနိုင်ငံများက ပြစ်တင်ဝေဖန်ပြောဆိုခဲ့ကြသည်။ သမ္မတဇီလန်စကီး၏ တောင်းဆိုချက်အရ ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန် ဆွစ်ဇာလန်နိုင်ငံက သဘောတူညီခဲ့သော်လည်း နေရာနှင့်အချိန်တို့ကို လက်ရှိအချိန်အထိ မသတ်မှတ်ရသေးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်ရေနံတင်သင်္ဘော တိုက်ခိုက်ခံရပြီးနောက် အမေရိကန်တပ်ဖွဲ့များက ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ