အဘိုး၊အဘွားနှင့်မြေး(၂)ဦးတို့ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးနေစဉ် လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် (၃)ဦးသေဆုံး
NSS - ဇန်နဝါရီ ၂၇
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အဘိုး၊ အဘွား နှင့် မြေး(၂)ဦးတို့ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးစဉ် လက်နက်ကြီး ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် (၃)ဦးသေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဇန်နဝါရီလ ၂၄ ရက်၊ ညနေ ၅နာရီ ၄၅မိနစ်အချိန်တွင် ပခုက္ကူမြို့နယ်၊ ရေနံချပ်ကျေးရွာ၊ ဧရာဝတီမြစ်ကမ်းဘေးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးတင်ဝင်း(၆၃)နှစ်သည် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ကုလားမ(၆၀)နှစ်၊ မြေးများဖြစ်သည့် မောင်ထွဋ်ခေါင် လင်း(၁၁)နှစ်၊ မောင်ရဲလင်းထွဋ်(၈)နှစ်တို့နှင့်အတူ ဧရာဝတီမြစ်ကမ်းစပ်၌ ရေဆင်းချိုးနေစဉ် PDF အဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးတင်ဝင်းနှင့် ဒေါ်ကုလားမတို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် မောင်ထွဋ်ခေါင်လင်းနှင့် မောင်ရဲလင်းထွဋ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မြစ်ခြေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် မောင်ရဲလင်းထွဋ်သည် အခင်းဖြစ်စဉ်က ရရှိခဲ့သည့် ထိခိုက်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တရုတ်သမ္မတရှီကျင့်ဖျင်အား ယူကရိန်းအစိုးရဖိတ်ကြား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ