လီဗာပူးလ်အသင်း၏ နည်းပြသစ်က မည်သူဖြစ်မည်ကို ပြောကြားနိုင်ခြင်းမျိုးမရှိသေးကြောင်း နည်းပြယာဗင်ကလော့ထုတ်ဖော်ပြောဆို
Pika (NSS) - ဇန်နဝါရီ ၂၇
လီဗာပူးလ်အသင်း၏ နောက်ထပ်နည်းပြအသစ်သည် မည်သူဖြစ်သည်ဆိုသည့်အချက်ကို ပြောကြားနိုင်ခြင်းမျိုးမရှိသေးကြောင်း လီဗာပူးလ်နည်းပြယာဗင်ကလော့က ထုတ်ဖော်ပြောဆိုခဲ့သည်။
လီဗာပူးလ်အသင်းနည်းပြအဖြစ်မှ နှုတ်ထွက်တော့မည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် ယာဗင်ကလော့က ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယာဗင်ကလော့သည့် လီဗာပူးလ်အသင်းတွင် နည်းပြအဖြစ် (၉)နှစ်ကြာတာဝန်ယူခဲ့ပြီးနောက် ထွက်ခွါရန်စီစဉ်နေချိန်တွင် အသင်းတာဝန်ရှိသူများသည် ဇာဘီအလွန်ဆို၊ ရောဘတ်တိုဒီဇာဘီ နှင့် မော်ရင်ဟိုတို့အပါအဝင် နည်းပြသစ်ရှာဖွေရေးကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။
နည်းပြသစ်ခန့်အပ်ခြင်းသည် အသင်းတစ်သင်းအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ခြင်းကြောင့် အစားထိုးမည့်နည်းပြသစ်အတွက် ဆုံးဖြတ်ချက်ချမှတ်သူများနှင့် ဝေးဝေးနေမည်ဟု ယာဗင်ကလော့က ကတိပြုခဲ့ကြောင်းလည်းသိရသည်။
ထို့ပြင် သင့်တော်သော နည်းပြအစားထိုးမှုများအတွက် လီဗာပူးလ်အသင်းကို ကူညီရန် စိတ်ကူးရှိ/မရှိဆိုသည့်အချက်ကို ယာဗင်ကလော့က ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ကြောင်းလည်းသိရသည်။ယာဗင်ကလော့က"လူအတော်များများဟာ လီဗာပူးလ်အသင်းအတွက် ပြီးပြည့်စုံတဲ့အဖြေတစ်ခုကိုရှာကြဖို့ ဒီမှာအလုပ်လုပ်နေကြတာပါ။ သူတို့နောက်ဆုံးလိုအပ်တာက အသင်းကနေထွက်ခွါတော့မယ့်လူရဲ့ အကြံညဏ်ပါပဲ။ လာမယ့်အနာဂတ်မှာ လီဗာပူးလ်အသင်းဟာ ဒီထက်အများကြီးပိုကောင်းလာပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်"ဟု ပြောဆိုခဲ့သည်။
ယာဗင်ကလော့သည် လီဗာပူးလ်အသင်းနည်းပြအဖြစ် ၉ နှစ်ကြာတာဝန်ယူချိန်အတွင်း ၂၀၁၉ ခုနှစ်တွင် ချန်ပီယံလိဂ်ဆုဖလားနှင့် ၁၉၉၀ ခုနှစ်နောက်ပိုင်း အသင်း၏ပထမဆုံးပရီးမီးယားလိဂ်ဆုဖလားအပါအဝင် ဆုဖလား(၆)ခုကို ဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဘိုး၊အဘွားနှင့်မြေး(၂)ဦးတို့ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးနေစဉ် လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် (၃)ဦးသေဆုံး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း